Tonzang sanginnpi

Tonzang Sanginnpi Lungzuanhuai na en kik nuam hiam

Tonzang Sanginnpi C Lim

Tonzang Sanginnpi lui pen C lim a kilam pen a en kik nuam te a ding lungzuan huai peuhmah ei

Tonzang Jubilee Laibupi

Tonzang Jubilee Laibu laimai ( pages ) 150 na sim nop leh

Showing posts with label THAWN KHAM. Show all posts
Showing posts with label THAWN KHAM. Show all posts

ZOMI MUSIC SEMINAR INSTRUCTED BY THAWN KHAM ( Zomus Atlanta )

ZOMI MUSIC SEMINAR 
April 9 - 20, 2018 


Instructor - Thawn Kham


Session One 
April 9 - 13
7pm - 9pm
>Tonic Solfa Neumerical Notes
>Basic Vocal

Session Two
April 16 - 20
7Pm - 9Pm
>Song note writing
>Song note reading

CROSS AG 
3363 Midway Road Decatur, GA 30032

CONTACT
Khaipi 4044542113
Khual Ta 4045471388

Shared by ZOMUS Atlanta

DONGHU ( Mawtaw accident ) CONCERT OM DING

Zomi guitar festival committee makaih na tawh Zogam dongtuak ( mawtaw accident )
te hehnep na leh donghu dong na concert ki bawl ding.

A mun: Agape AG Church
A ni : Oct 19th, 2017 ( thu )
A hun : 7pm-10pm
Lasa
Guitarist
Thawnkham
VC Mang
Cingpi
Cin Pi
Jerry Kap
Nianghpi
Deihpi
Lampi
Kimthang
Aung Aung
Thangno
Tawipu
Ginpi
Share by>>> Zen Lian

တောတွေ၊ တောင်တွေနှင့် အေးအေးချမ်းချမ်းနေချင်သူ ထွဏ်းခမ်

ဂရေဟမ် ပြန်ဆိုတဲ့ "အချစ်စွမ်းအား" သီချင်းမှာ ထွဏ်းခမ်ကိုစပြီး
သတိထားမိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး "ပျောက်ဆုံးဝိညာဉ်"
စီးရီးထွက်ရှိခဲ့တဲ့ ထွဏ်းခမ်က ဂီတလောကထဲမှာတော့ ၁၉၉၉
ခုနှစ်ကာလကတည်းက စတင်တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပျောက်ဆုံးဝိညာဉ် စီးရီးနောက်ပိုင်းမှာ လူငယ်ပရိသတ်ရဲ့ လက်ခံ
အသိအမှတ်ပြုမှုကိုရရှိခဲ့တဲ့ ထွဏ်းခမ်ဟာ အချိန်ကာလအတော်
ကြာကြာ ပရိသတ်ရဲ့မြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့ပါတယ်။
၂၀၁၃ ခုနှစ်ထဲမှာတော့ "မျက်ရည် အက်ကြောင်း" ဆိုတဲ့
ဒုတိယစီးရီးထွက်ရှိခဲ့ပြီး ပရိသတ်ရှေ့ကို တစ်ကျော့ပြန်
ရောက်ရှိလာခဲ့ပါတယ်။
=======================
ကိုထွဏ်းခမ်ကို ဒီဘက်နှစ်ပိုင်းတွေမှာ တွေ့လာရပေမဲ့ ၁၉၉၀ ကျော်
ကာလတွေကတည်းက ကိုထွဏ်းခမ် ဂီတလောကထဲမှာ ရှိနေတယ်လို့
သိရတယ်။ အဲဒီတုန်းကအကြောင်းလေးတွေ ပြန်ပြောပြပေးပါလား။
=======================
၁၉၉၄ လောက်မှာ ချင်းတောင်တန်းကနေ ရန်ကုန်ဆင်းလာပြီးတော့
မေစတူဒီယိုမှာ အသံဖမ်းတယ်။ တေးရေးအနေနှင့်ကတော့ ၁၉၉၅ မှာ
အစ်ကိုကြီး ကိုဂျေမောင်မောင်က ကျွန်တော့်သီချင်း နှစ်ပုဒ်ယူသုံးပြီး
အသံသွင်းတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခွေက
မထွက်ဖြစ်ဘူး။ အဲဒီခေတ်တုန်းက ဂျွမ်းဟန်းရဲ့ အခွေတွေမှာလည်း
သီချင်းတွေရေးဖြစ်တယ်။ တခြားလူသစ်တွေရဲ့ အခွေတော်တော်
များများမှာလည်း သုံးဖြစ်တယ်။ အဲဒီခေတ်က တိပ်ခွေခေတ်၊
ကျွန်တော့်ကို တေးရေးအနေနှင့် ပိုသိသွားတာကတော့ မာစတာက
စီစဉ်ခဲ့တဲ့အခွေမှာ ကိုဂရေဟမ်ဆိုတဲ့ ကျွန်တော့်သီချင်းတစ်ပုဒ်
"ကျေးဇူး" မှာ လူပိုသိသွားတယ်။ အဲဒီလိုနှင့် လုပ်လာရင်းနှင့်
၂၀၀၁ မှာ ကျွန်တော် ပထမအခွေကို ထုတ်ဖြစ်တယ်။
ဗီစီဒီ လုပ်ဖို့ကျတော့ ကျွန်တော့်ပရိုဂျူဆာက စီးပွားရေးလိုင်း
ဆိုတော့ အဲဒီဘက်ကို အစီအစဉ် မရှိဘူး မလုပ်နိုင်ဘူးပေါ့။
အဲ့ဒါနှင့် ကိုဂရေဟန်ကပဲ ကျွန်တော့်သီချင်းတွေနားထောင်
ပြီးတော့ အဲဒီထဲက နှစ်ပုဒ်ကို သူတော်တော်ကြိုက်တယ်ပေါ့။
သူက live ရိုက်မယ်၊ ထုတ်မယ်ဆိုပြီး သူလည်းဆိုချင်တယ်။
ထွဏ်းခမ်သီချင်းတွေကိုလည်း ပရိသတ်တွေဆိုလို့ရောအင်
ဗီစီဒီအနေနှင့် ကာရာအိုကေထုတ်တယ်။ အဲဒီမှာ ကိုဂရေဟမ်
သီချင်းဖြစ်သွားတယ်။ အဲဒီမှာ ကျွန်တော့်မှာရှိတဲ့ ပရိသတ်တွေက
ဘာဖြစ်လို့ ဗီစီဒီမထွက်တာလဲဆိုတဲ့ အသံတွေများလာတော့
ကျွန်တော့်ကို စိုက်ထုတ်ပေးသူတွေက ဗီစီဒီထုတ်ဖို့ဖြစ်သွားတယ်။
အဲဒါနှင့် ၂၀၀၃ မှာ ပထမအခွေ ပျောက်ဆုံးဝိညာဉ် ဗီစီဒီ
ရိုက်ဖြစ်တယ်။ နောက်ပိုင်းတောက်လျောက် လုပ်လာတယ်။
ကြားထဲမှာ အဆိုတော်အစုံအတွဲခွေ တစ်ခွေလုပ်ဖြစ်တယ်။
အဲဒါက ၂၀၀၅၊ ၂၀၀၆ လောက်။ နောက်ပိုင်းမှာကျတော့
အခွေအနေနဲ့ သိပ်မလုပ်ဖြစ်ခဲ့ဘဲ အတွဲခွေတွေမှာပဲ ဆိုဖြစ်တယ်။
အခု ဗီစီဒီ ထွက်မယ့် မျက်ရည်အက်ကြောင်းကတော့ ၂၀၁၀
လောက်မှ စတည်တယ်။ ၂၀၁၂၊ ၂၀၁၃ မှာ audo CD
ထွက်တယ်။ အခု ၂၀၁၅ ထဲမှာတော့ ဗီစီဒီ ထွက်ဖြစ်ပါပြီ။
=======================
ကိုထွဏ်းခမ်ရဲ့သီချင်းကို လူတော်တော်များများ သိသွားတာက
ကိုဂရေဟမ်ပြန်ဆိုတဲ့ "အချစ်စွမ်းအား" ပေါ့။ အဲ့ဒီသီချင်းက
ပရိသတ်ကြားထဲ ပျံ့နှံ့သွားတဲ့အခါ ကိုထွဏ်းခမ် အနေနှင့်
ဘယ်လိုခံစားမိလဲ။
=======================
အဲဒီတုန်းက ဗီစီဒီ ခေတ်ဆိုတော့ အရုပ်မြင်မှလူပိုသိတယ်။
ကိုဂရေဟမ်ဆိုလိုက်တော့ ပရိသတ်ပိုသိသွားတယ်။ ကျွန်တော့်
အမာခံပရိသတ်အပြင် ကိုဂရေဟမ်ရဲ့ပရိသတ်တွေကပါ ပိုသိ
သွားတာပေါ့။ ကိုယ်ဆိုတာပဲဖြစ်ဖြစ်၊ သူများဆိုတာပဲဖြစ်ဖြစ်
ပရိသတ်နားထဲရောက်လို့ ကြိုက်သွားတယ်ဆိုရင်ကို ပီတိက
အတူတူပါပဲ။
=======================
ကိုထွဏ်းခမ်က မြို့ပြနှင့်အလှမ်းဝေးတဲ့ ချင်းတောင်တန်းတွေ
ပေါ်မှာနေထိုင်သူတစ်ဦးဆိုတော့ ဂီတနှင့်ပတ်သတ်ပြီး
ကိုထွဏ်းခမ် လေ့လာဆည်းပူးဖြစ်တာလေးတွေကိုလည်း
ဝေမျှပါဦး။
=======================
ငယ်ငယ် ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်ကစပြီး သီချင်းနားထောင်တယ်။
အင်္ဂလိပ်သီချင်းပဲ နားထောင်ရတာပေါ့။ ဘုရားကျောင်းက
sunday school မှာ ကြီးလာတယ်။ ရှစ်တန်းနှစ်မှာ
ဘုရားကျောင်းက choir ကို ဦးဆောင်ဆိုနေပြီး အဲ့ဒီ
ကတည်းက သီချင်းကို ချင်းလိုရော မြန်မာလိုရော ရေးဖြစ်
နေပြီ။ ရန်ကုန်ရောက်တော့ အဝေးသင်ပထမနှစ်။
ချင်းပြည်နယ်မှာကတည်းက သီချင်းရေး၊ သီချင်းဆိုလုပ်ဖြစ်တယ်။
၁၉၈၆ လောက်မှာ ကျွန်တော်တို့ဆရာကြီး ပြောရမှာပေါ့။
ထူးအိမ်သင်အခွေ စပေါ်တယ်။ အဲဒီကတည်းက ထူးအိမ်သင်
သီချင်းတွေ တစ်ခွေလုံး ဂစ်တာနဲ့လိုက်ဆိုကြတယ်။ ကျွန်တော့်
အစ်ကိုက ချင်းဓမ္မတေးတွေသွင်းရင်းနှင့် မေစတူဒီယိုနှင့်ရင်းနှီးပြီး
ကျွန်တော်က မေစတူဒီယိုမှာ အသံဖမ်းအနေနှင့် ဒီလောကထဲ
စပြီးရောက်လာပါတယ်။
=======================
ငယ်ငယ်တုန်းက ချင်းပြည်နယ်မှာနေတုန်းက သီချင်းအခွေတွေကို
ဘယ်ကနေတစ်ဆင့် နားထောင်ဖြစ်လဲ။
=======================
လက်လှမ်းမီသလောက်ပေါ့။ အဓိကနိုင်ငံခြားသီချင်းတွေဆိုရင်
သူငယ်ချင်းတွေက အိန္ဒိယဘက်ကို ကျောင်းသွားတက်ရင်း
ဝယ်ဝယ်လာတယ်။ Eagle တို့ ဘာတို့ပေါ့။ အဲဒါတွေကို
နားထောင်ဖြစ်တယ်။
=======================
ကိုထွဏ်းခမ်အနေနှင့် ပထမအခွေမှာ ကြော်ငြာအား
အရမ်းမကောင်းခဲ့ပေမဲ့ သီချင်းတွေရဲ့အားကြောင့်
ပရိသတ်တွေ သိခဲ့ကြတယ်။ တောက်လျှောက် အရှိန်
တင်ပြီး ဆက်လုပ်မယ်ဆို ပိုဖြစ်နိုင်ခဲ့ပေမဲ့ ဒီကြားထဲမှာ
၁၀ နှစ်နီးပါး ဘာကြောင့် ပျောက်ဆုံးခဲ့တာလဲ။
=======================
ကျွန်တော့်ကိုယ်ကျွန်တော် သုံးသပ်ကြည့်တာ အဓိကကတော့
ငွေရေးကြေးရေးပေါ့။ ပြီးတော့ ပထမအခွေလုပ်နေတဲ့
၁၉၉၀ နှင့် ၂၀၀၀ ကြားပတ်ဝန်းကျင်မှာတော့ ထုတ်လုပ်သူ
တွေက အရှုံးခံပြီး လိုက်လုပ်ပေးတာ များတယ်။ ကြားထဲမှာ
ကျတော့ ကိုယ်ကလည်းထုတ်လုပ်သူတွေ မျက်စိကျလောက်အောင်
မဖြစ်ဘူးထင်တယ်။ ကိုယ့်အိတ်ထဲကစိုက်ပြီးလုပ်ဖို့လည်း
အဆင်မပြေဘူး။ အဲဒါနှင့် ကိုယ့်သီချင်းတွေ ရေးလိုက်
သိမ်းထားလိုက်နှင့် ကြာသွားတာ။ အခုလည်း နောက်တစ်ခွေ
demo အကြမ်းတည်ထားတယ်။ နှစ်ခွေစာလောက် ရှိသေးတယ်။
ကိုယ့်ဘက်က အခြေအနေမတတ်နိုင်သေးတော့ လုပ်ချင်တာတွေ
ရှိပေမဲ့လည်း ငြိမ်နေရတဲ့ အနေအထားလေးတွေ ရှိတာပေါ့။
=======================
ဒီနှစ်ခွေကြား ၁၀ နှစ်တာကာလမှာ ကိုထွဏ်းခမ်
အနေနှင့် ဒီလောကရဲ့အပြင်ကို ရောက်သွားသေးလား။
=======================
ဒီကြားထဲ ၂၀၀၅၊ ၂၀၀၆ မှာ အတွဲခွေတစ်ခွေထွက်တယ်။
ပြီးတော့ မာစတာကဖြန့်တဲ့ အခွေမှာလည်း ပါဖြစ်တယ်။
၂၀၀၆ ကနေ တောက်လျောက်ကို ချင်းအသိုင်းအဝင်းနှင့်အတူ
မလေးရှား၊ စင်ကာပူ၊ ဂျာမနီ၊ ဒိန်းမတ်၊ အမေရိက စတဲ့
နိုင်ငံတွေကို သီချင်းဆိုသွားဖြစ်တယ်။ ကျွန်တော့်အခွေထဲက
သီချင်းတွေရော ရိုးရာသီချင်းတွေပါ ဆိုဖြစ်တယ်။
=======================
အခု ဒုတိယအခွေကရော ၁၀ နှစ်တာကာလခြားသွားတဲ့အခါ
ဂီတပုံစံ အပြောင်းအလဲက ဘယ်လိုရှိမလဲ။
=======================
ဂီတပုံစံကတော့ မပြောင်းပါဘူး။ ပထမအခွေနှင့် မကွာပါဘူး။
စတိုင်လ်အနေနှင့်ပြောရရင်တော့ ကန်းထရီးရော့ခ်ပုံစံတွေပေါ့။
slow rock, pop ပုံစံသီချင်းတွေပါပါတယ်။ သီချင်း
တွေကတော့ နယ်မှာ ပိုများတယ်။ ပထမအခွေတုန်းကလည်း
နယ်တွေပိုရောက်တယ်။ ဒီတစ်ခေါက်တော့ ကလေးမြို့
အထက်ပိုင်း ကိုယ့်ဒေသတွေက ကိုယ်စားလှယ်တွေကို
ချိတ်ပြီးတော့ သူတို့ရောင်းပေးနိုင်သလောက် ဖြန့်သွားမယ်။
ကိုယ်တိုင် သွားပို့ရမှာတေပါ့။ ကိုယ်တိုင်သွားနိုင်တဲ့ မြို့တွေလည်း
သွား၊ မသွားနိုင်တဲ့မြို့လည်း ကားနှင့်ပို့ပေါ့။
=======================
ကိုထွဏ်းခမ်က ဒီလောကထဲမှာ နေလာတာ နှစ် ၂၀ လောက်
ရှိပြီဆိုတော့ ဒီလောကထဲမှာ ဖြတ်သန်းရတာရော ခံစားမှုက
ဘယ်လိုရှိလဲ။
=======================
ကျွန်တော့်အနေနှင့်ဆိုရင် အခုကတော့ မိသားစုနှင့်ဖြစ်သွားပြီပေါ့။
လူပျိုတုန်းကတော့ တေးရေးအနေနှင့်ဖြစ်ဖြစ် တစ်ယောက်ယောက်
ဆီမှာ ကပ်နေလို့ရတယ်။ အခုကျတော့ အဲဒီလိုမျိုး ရန်ကုန်မှာ
နေဖို့ အဆင်မပြေဘူး။ တစ်လမှာ သီချင်းတစ်ပုဒ်ရောင်း
ထွက်ဖို့ကလည်း သေချာမပြောနိုင်ဘူး။ အဓိကကတော့
ကျွန်တော်က တောတွေ၊ တောင်တွေနှင့် အေးအေးချမ်းချမ်း
နေရတာ သဘောကျတယ်။ ခု ရန်ကုန်မှာနေတာတောင်
ဦးလေးအိမ်က ကားသံ၊ လူသံ သိပ်မကြားရဘူး။ ကိုယ့်ရဲ့
စိတ်အခံအရတော့ တောင်ပေါ်မှာ နေဖြစ်တာများပါတယ်။
=======================
ကိုထွဏ်းခမ်ရဲ့ မိသားစုနှင့်လည်း ပရိသတ်ကို မိတ်ဆက်
ပေးပါဦး။
=======================
ကျွန်တော့်အမျိုးသမီးက မလွန်း၊ သားအကြီး ရှန်တုန်းက
ခု ပထမတန်း၊ သားအငယ် ရှန်မွမ်းက မူကြိုတက်နေပြီး
အငယ်ဆုံးသမီးလေး ရှန်နဲမ်းက နှစ်နှစ်၊ သားသမီး
သုံးယောက်ပါ။
=======================
ဟုတ်ကဲ့ပါ။ ကိုထွဏ်းခမ်ရဲ့ အမာခံပရိသတ်တွေအတွက်
စကားလက်ဆောင်လေး ပြောပေးပါဦး။
=======================
ကျွန်တော့် ပထမအခွေတုန်းကတော့ ကိုယ့်ဒေသ
အသိုင်းအဝိုင်းအပြင် အခြားဒေသက လူငယ်တွေဆီကိုပါ
ပျံ့နှံ့မှုရှိတာကို ဝမ်းသာပါတယ်။ အရမ်းလည်း ပီတဖြစ်ပါတယ်။
အဓိပြောချင်ကတော့ ကျွန်တော်က ကိုယ့်အနုပညာနှင့်
အရိုးသားဆုံး မေတ္တာတရားထားပြီး ကိုယ့်သီချင်းတွေကို၊
ဒီလုပ်ငန်းတွေကို ရင်ထဲကအတိုင်း အတတ်နိုင်ဆုံး
ကြိုးစားပြီး လုပ်တယ်။ ကျွန်တော့်ဘက်က အားနည်းချက်
တစ်ခုခုရှိခဲ့ရင်လည်း ဝေဖန်အကြံဥာဏ် ပေးစေချင်ပါတယ်။
အရင်ကတည်းက အသိအမှတ်ပြုခဲ့တဲ့ ပရိသတ်တွေရော
ခု မျက်ရည်အက်ကြောင်းကို အသိအမှတ်ပြုတဲ့ ပရိသတ်
တွေအတွက်ရော အမြဲတမ်းကြိုးစားနေပါမယ်လို့
ပြောချင်ပါတယ်။
=======================
ကိုထွဏ်းခမ်ကို ဆက်သွယ်လို့ရနိုင်မယ့် လိပ်စာလေးကိုလည်း
ပြောခဲ့ပါဦး။
=======================
ကျွန်တော့်ဖုန်းက 09-259254845၊ 09-47173065 ပါ။
ဖုန်းဆက်ပြီးတော့ ဝေဖန်အကြံပေးလို့ ရပါတယ်ခင်ဗျာ။
09-259254845 ဖုန်းကတော့ ချင်းပြည်နယ်မှာ မိချင်မှ
မိတယ်။ 09-47173065 ဖုန်းကတော့ ဆိုလို့ရပါတယ်။
လင်္ကာချို
အပျိုစင်မဂ္ဂဇင်း
မတ်လ၊ ၂၀၁၅
စာစီ #KoNaing
ပျောက်ဆုံးဝိညာဉ်
https://my.pcloud.com/publink/show…
မျက်ရည်အက်ကြောင်း
https://my.pcloud.com/publink/show…