2018 SCHUMAN AWARDS FOR HUMAN RIGHT HONOURED BY THE EUROPEAN UNION

Daw Khin Than Htwe, Cheery Zahau, and Ko Swe Win received Schuman Award for Human Rights (Photo: European Union in Myanmar/Facebook)


မန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ Cheery Zahau, ကိုဆွေဝင်းနှင့် ဒေါ်ခင်သန်းထွေးတို့အား ယခုနှစ်အတွက်လူ့ အခွင့်အရေးဆိုင်ရာ ရှုးမန်းဆုများပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုလိုက်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ Cheery Zahau, ကိုဆွေဝင်းနှင့် ဒေါ်ခင်သန်းထွေးတို့အား ယခုနှစ်အတွက်လူ့ အခွင့်အရေးဆိုင်ရာ ရှုးမန်းဆုများပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုလိုက်ပါသည်။ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက် သူများဖြစ်သည့် ၎င်းတက်ကြွလှုပ်ရှားသူ ၃ ဦးတို့မှာ၂၀၁၈ခုနှစ် မတ်လ ၁၅ရက်နေ့တွင် အီးယူ သံအမတ်ကြီး Kristian Schmidt ၏နေအိမ်တော်ဝန်းအတွင်း၌ ကျင်းပသည့် ဆုပေးပွအဲခမ်းအနားတငွ် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် အခြေ ခံလွတ်လပ်ခွင့်များမြှင့်တင်ရာ၌ ထူချွန်ထင်ရှားစွာ၎င်းတို့ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုသည့် ရှုးမန်းဆု ကိုရရှိခဲ့ခြင်းဖြစ်ပါသည်။
“မြန်မာနိုင်ငံဟာ ၁၉၄၈ ခုအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းကို ထူထောင်ခဲ့ကြတဲ့နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ နှစ်ပေါင်းခုနှစ်ဆယ်ကြာမြင့်ခဲ့ပေမဲ့လည်း မြန်မာနိုင်ငံမှာသာမက ကမ္ဘာအစိတ်အပိုင်းတော်တောများ များမှာပါ လူ့အခွင့်အရေးကိုရရှိခံစားရတယ်လို့ မှတ်ယူလို့မရသေးပါဘူး။ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက်တိုက်ပွဝဲင်နေကြတဲ့ တက်ကြွလှုပ်ရှားသူများနဲ့ သတင်းသမားတွေဆိုတာ ဒီမိုကရေစီရဲ့ ကျောရိုးပဲ ဖြစ်ပါတယ်” ဟူ၍ အီးယူသံအမတ်ကြီး Kristian Schmidt မှရန်ကုန်မြို့တွင်ကျင်းပသည့် ရှုးမန်းဆုပေးပွဲ၌ ပြောကြား ခဲ့ပါသည်။ “အစိုးရတွေအနေနဲ့ တာဝန်ခံမှုရှိလာအောင်၊ နာမဲ့နေရာကို လက်ညှိုးထိုးကြဖို့ သူတို့ရဲ့ ပြောင်မြောက်တဲ့ သတ္တိလိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ အပြောင်းအလဲကို လိုချင်ရင်၊ အပြောင်းအလဲကို လိုအပ်တယ် ဆိုရင်မတူကွဲပြားတဲ့ ဝေဖန်သံတွေကို ခံနိုင်ရည်ရှိရပါမယ်”။
ချင်းပြည်နယ်မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် Cheery Zahau မှာ သူမ၏လူ့အသိုင်းအဝိုင်း တွင်းမှာသာမက ပြင်ပမှာပါ လူ့အခွင့်အရေး၊ အမျိုးသမီးများပါဝင်မှုရှိရေးနှင့် ကျား/မတန်းတူညီမျှရှိရေးတို့ကို ထူးချွန် ထင်ရှားစွာလှုပ်ရှားဆောင်ရွက်ပေးခဲ့သည့် အတွက် ရှုးမန်းဆုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။
Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် ကိုဆွေဝင်းမှာ ၎င်း၏စုံစမ်းရေးသတင်းပညာကို အသုံးပြု၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ခြင်း၊ မြန်မာနိုင်ငံ တွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိရေးအတွက် ပြတ်သားခိုင်မာစွာ တိုက်ပွဝဲင်ခဲ့သည့် လုပ်ရပ်များ ကြောင့် ဤရှုးမန်းဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
မွန်ပြည်နယ်မှ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူဖြစ်သည့် ဒေါ်ခင်သန်းထွေး မှာ ကျား/မအခြေပြု အကြမ်းဖက်မှုဒဏ်ခံရမှုမှ ကျန်ရစ်သူများကို ပံ့ပိုးကူညီကာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာ ၌ သူမတူအောင်စွမ်းဆောင်ခဲ့သည့်အတွက် ရှုးမန်းဆုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းကြည့်ရှု့ခဲ့သည့်အတွက် ဖမ်းဆီးခံရကာ ရုံးတင်စစ်ဆေးခံ နေရဆဲဖြစ်သည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကြောင်းကိုလည်း အီးယူသံ အမတ်ကြီး Schmidt မှပြန်လည်အမှတ်ရစေရန် ပြောကြားခဲ့ပါသည်။ “သတင်းခန်းမှာထက် အကျဉ်းထောင်အခန်းထဲ
မျာဒီသတင်းသမားနှစ်ယောက် တစ်ရက်ထပ်နေရတာနဲ့အမျှ ဒီမိုကရေစီဟာ အနည်းငယ်ကျဆုံးလျက်ရှိပါတယ်”ဟူ၍ သံအမတ်ကြီး Schmidt မှပြောကြားခဲ့ပါသည်။ ရှုးမန်းဆုများမှာ အပြည်ပြည်ဆိုင်ရာ အခြေခံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရာ၌ မြန်မာနိုင်ငံမှလူပုဂ္ဂိုလ်များ၏ အရေးပါသော လုပ်ရပ်အပေါ် ဂုဏ်ပြုအသိအမှတ်ပြုပေးခြင်းပင်ဖြစ်ပါသည်။ ၎င်းဆုများမှာ ဆုရရှိသူများအနေဖြင့် ၎င်း တို့၏လူ့အသိုင်းအဝိုင်းတို့အပေါ် ပို့ဆောင်ပေးနေသည့် အရေးပါလှသည့် အမှာစကားများကို အများပြည်သူသိရှိစေဖို့ နှင့် ပိုမိုအားဖြည့်ပေးသည့် အနေဖြင့် ၎င်းဆုများပေးအပ်ခြင်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာ စာတမ်း နှစ် ၇၀ ပြည့်နှစ်ဖြစ်သည့် ၂၀၁၈ခုနှစ်အတွက် ဆုများမှာ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများကို အထူးရည်စူး၍ပေးခြင်းဖြစ်ပါသည်။ ၂၀၁၈ခုနှစ် ရှုးမန်းဆုများကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ အတွင်း၌ အမည်စာရင်းများတင်သွင်းကြရန် အများပြည်သူသို့ဆော်သြမှုမှတစ်ဆင့် အမည်စာရင်း တင်သွင်းခြင်းခံရ သည့် တက်ကြွလှုပ်ရှားသူများ၊ လူမှုရေးဝန်ထမ်းများ၊ သတင်းထောက်များ၊ ရှေ့နေနှင့် သုတေသီများ စသည့်ရှည်လျား လှသည့် အမည်စာရင်းထဲမှ မြန်မာနိုင်ငံအတွက် တရားဝင် ခန့်အပ်ထားသည့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များပါဝင်သည့် ကော်မတီတစ်ရပ်မှ ရွေးချယ်ခြင်းဖြစ်ပါသည်။

Schuman Awards ဆုများသည် ယခင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဥရောပသမဂ္ဂဖွဲ့စည်းတည်ထောင်ရေးအတွက် ပါဝင်ကူညီခဲ့သည့် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဥိး ဖြစ်သည့် Robert Schuman ၏ အမည်ကို အစွဲပြု၍ ပေးထားခြင်ဖြစ်ပါသည် ။ Schuman Awards ဆုများကို ၂၀၁၇ ခုနှစ်တွင် Rome Treaty နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီ ၊ တရားဥပဒေစိုးမိုးရေး ၊ လူ့အခွင့်အရေးနှင့် မတူညီကွဲပြားမှုများကို လက်ခံနိုင်မှုတို့ကို မြှင့်တင်ပေးရာတွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်များကို ချီးမြှင့်ခဲ့ပါသည် ။ ပထမအကြိမ် Schuman Awards ဆုများကို အမျိုးသားဒီမိုကရေစီချုပ်မှ ရှေ့နေ ဦးကိုနိ (ကွယ်လွန်) ၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်းလတော် ၊ Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှုး ဥိးအောင်မျိုးမင်းတို့မှ ရရှိခဲ့ကြပါသည် ။




0 coment�rios:

Post a Comment