ဇိုမီးကျောင်းသာများအဖွဲ့ မြန်မာပြည်၏ (၁၁) ကြိမ်မြောက် ဆီမီနာ ကျင်ပမည်


#ဇိုမီးကျောင်းသားအဖွဲ့၏ (၁၁)ကြိမ်မြောက် ဆီမီနာကို ၂၁-၂၇ ထိ တီးတိန်မြို့နယ် မွာလ်
ဘင်းကျေးရွာတွင် "PESTLE" ခေါင်းစဉ်
အောက်တွင် (၁) P - POLITICS, 
(၂) E - EDUCATION 
(၃) S - SOCIAL 
(၄) T - TECHNOLOGY 
(၅) L - LEGAL/LAW
(၆) E - ENVIRONMENTAL စသည့်ခေါင်းစဉ်ငယ်များဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။
#ပထမဆုံးအကြိမ် ဆီမီနာကို ၂၀၀၆ခုနှစ်တွင် တီးတိန်မြို့တွင် ကျင်းပပြီး၊ 
#၂၀၀၇ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်များ ရွှေဝါရောင်အရေးခင်းတွင် ပါဝင်လုပ်ရှားမှုကြောင့် ကျင်ပနိုင်ခြင်းမရှိပါ။ 
#သို့သော် ၂၀၀၈ ခုနှစ်တွင် ကလေးမြို့၌ "Sin in, Sem in, Mainawt ni" ခေါင်းစဉ်ဖြင့် ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။
#၂၀၀၉ခုနှစ်တွင် တီးတိန်မြို့၌ "Post 2010" ခေါင်းစဉ်ဖြင့်၊ 
#၂၀၁၀တွင် တွန်းဇံမြို့၌ " Futuristics Thinking"ခေါင်းစဉ်ဖြင့်၊ 
#၂၀၁၁တွင် ပြည်တော်သာ ကျေးရွာ၌ ""Moral Rearmament" ခေါင်းစဉ်ဖြင့်
#၂၀၁၂ တွီးထန်ကျေးရွာ၌ "Challenging Hope" ခေါင်းစဉ်ဖြင့်၊ 
#၂၀၁၃ခုနှစ်တွင် ကလေးမြို့၌ " My Right and My Responsibility" ခေါင်းစဉ်ဖြင့်၊
#၂၀၁၄ခုနှစ်တွင် ဟာခါးမြို့၌ " Generation Of Generations" ခေါင်းစဉ်ဖြင့်ပြုလုပ်ကာ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို လေ့လာသုံးသပ်ကာ တွေ့ရှိချက်များကို ဇိုမီးကျောင်းသား-မြန်မာပြည် နာမည်ဖြင့် သဘောထားထုတ်ပြန်ထုတ်ကာ၊ တွေ့ရှိချက်များကို ပြည်နယ်လွှတ်တော် ဥက္ကဌထံ ပေးပို့ခြင်း၊ ပြည်တွင်းငြိမ်းချမ်း ရရှိရန်အတွက် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။ 
#၂၀၁၅ခုနှစ်တွင် တီးတိန်မြို့နယ် ဟေးလေကျေးရွာ၌ "Pluralism and Unity" ခေါင်းစဉ်ဖြင့် ပြုလုပ်ကာ၊ ဇိုမီးကျောင်းသာအဖွဲ့၏ နှစ်(၅၀)
ပြည့် ကျောက်တိုင် စိုက်ထူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့များ တက်ရောက်အားပေးခဲ့ကြသည်။
#၂၀၁၆ခုနှစ်တွင် တီးတိန်မြို့ နယ် လိုင်တွီးကျေးရွာတွင် "Learn More, Lead More, Teach More" ခေါင်စဉ်းဖြင့် ပြုလုပ်ခဲ့ကြပါ
သည်။ ထိုနှစ်သည် ဇိုမီးကျောင်းသားများ ဆီမီနာ (၁၀)ကြိမ်မြောက် ပြုလုပ်နိုင်ခဲ့သည့် သမိုင်းဝင်နှစ်လည်းဖြစ်လာပါသည်။
#ဇိုမီးကျောင်းသားများအဖွဲ့ မြန်မာပြည်မှ နွေရာသီကျောင်းပိတ်ရက်များတွင်းလည်း ကျေးရွာများသို့ အခမဲ့ ဆေးကုသပေးမှု၊ ခေါင်းဆောင်များ အစည်းအဝေးများ ပြုလုပ်ခြင်း၊ ကလေးသူငယ်များ ပြုစုပြုထောင်ပေးမှုများ၊ ရပ်မိရပ်ဖများ၊ လူငယ်များအား နိုင်ငံရေးအမြင် ပွင့်လင်းလာစေရန် သင်တန်းများ ပို့ချခြင်း၊ Survey 
ကောက်မှုများလည်း ပြုလုပ်ခဲ့ကြလျက်ရှိ
သည်။
#ဇိုမီးကျောင်းသားများအဖွဲ့သည် ဆီမီနာသော်လည်းကောင်း၊ Mediacal Trip သော်လည်းကောင်း၊ ကျောင်းသားပွဲများကို အောက်ပါ ရှေးရိုးရာသီချင်းသီဆိုပြီးမှသာလျှင်ဖွင့်လှစ်ကြောင်း
(a) Zotui Momno, eimau pheiphung, guallai sawlbang heithei leng cing ee.
(b) Pupa gamzang nahzu bang puah'n, tungciang alsi khat in tangleng ee,..

Shared by>>>CS Mungno

0 coment�rios:

Post a Comment