Ashley ရဲ့အစ်မ Kayla က Caleb Flynn ထံ ရေးခဲ့တဲ့စာ
A letter to Caleb Flynn from Kayla, Ashley's Sister
"တစ်ချိန်က ငါ့အစ်ကိုလို့ ခေါ်ခဲ့ဖူးတဲ့မင်းဆီသို့..."
Ashley သေသွားပြီး မင်းက ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မတို့မိသားစုလည်း တခြားသူတွေနည်းတူ အရမ်းကို တုန်လှုပ်ခဲ့ရတယ်။
ဘာလို့လဲဆိုတော့ ကျွန်မတို့က မင်းကို ယုံခဲ့ကြလို့ပါ။
မင်းကို ယုံကြည်ခဲ့ကြတယ်။ မင်းအတွက်ဆို ကိုယ့်
အသက်တောင် ပေးနိုင်တယ်လို့ ယုံခဲ့ကြတာ။
ဒါကြောင့် အဲဒီအချိန်ကစပြီး ကျွန်မအရမ်းကြောက်ခဲ့တာတစ်ခုရှိတယ်။
လူတွေက မင်းလုပ်ခဲ့တာတွေကိုမြင်ပြီး“ဒါဆို ခရစ်ယာန်ယုံကြည်ခြင်းဆိုတာ တကယ်ရှိရဲ့လား။ ယေရှုဆိုတာ တကယ်ရှိရဲ့လား” ဆိုပြီး မေးခွန်းထုတ်လာမှာကိုပါ။
လူတစ်ယောက်က လူရှေ့မှာ ယေရှုကိုချစ်တယ်ခရစ်ယာန်တစ်ယောက်ဖြစ်တယ်လို့ ပြောနေပြီး တံခါးပိတ်လိုက်တဲ့အခါ လုံးဝဆန့်ကျင်ဘက်ဘဝကို နေထိုင်နေနိုင်တာကို ဘယ်လိုနားလည်ရမလဲ။
မင်းလုပ်ခဲ့တာကြောင့် ကလေးတွေအများကြီးရဲ့ အပြစ်ကင်းစင်မှု ပျက်စီးသွားခဲ့တယ်။
Tipp City က ကလေးတွေ၊ LifeWise အစီအစဉ်က ကလေးတွေ၊ Christian Life Center နဲ့ ပတ်ဝန်းကျင်က ကလေးတွေ… အခုဆို သူတို့တချို့ဟာ မနက်အိပ်ရာနိုးတာနဲ့ မိဘတွေရဲ့အခန်းထဲ ပြေးဝင်ပြီး “တစ်ယောက်ယောက် အိမ်ထဲဝင်ပြီး မေမေ့ကို သေနတ်နဲ့ပစ်သွားပြီလား” ဆိုပြီး စိုးရိမ်နေကြရတယ်။
ကလေးတစ်ယောက်အနေနဲ့ မသိသင့်သေးတဲ့ စကားလုံးတွေဖြစ်တဲ့လူသတ်မှု၊ အိမ်ဖောက်မှု၊ ဖောက်ပြန်မှု၊ သစ္စာဖောက်မှု ဆိုတဲ့စကားတွေကို သူတို့ဘဝရဲ့ ဒီအရွယ်မှာ သိခဲ့ရတယ်။
ဒါတွေက မင်းရဲ့ရွေးချယ်မှုတွေရဲ့ အကျိုးဆက်တွေပါ။
နောက်ထပ် မင်းဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မယ်မထင်တဲ့ အရာတစ်ခုလည်း ရှိသေးတယ်။
လပေါင်းများစွာ ကျွန်မတို့မိသားစုက မင်းအမှန်အတိုင်း ဝန်ခံပြီး ကိုယ်လုပ်ခဲ့တာတွေကို ကိုယ်တိုင်တာဝန်ယူပါစေလို့ ဆုတောင်းခဲ့ကြတယ်။ဒါပေမယ့် မင်း မလုပ်ခဲ့ဘူး။
အဲဒီအစား ကျွန်မတို့မိသားစုကို တစ်နိုင်ငံလုံးက ကြည့်နေတဲ့ တရားခွင်ထဲ ဆွဲခေါ်သွားခဲ့တယ်။
အခုတော့ Ashley ဘာတွေခံစားခဲ့ရတယ်ဆိုတဲ့ ကြောက်စရာအသေးစိတ်တွေ၊ သူမနဲ့ ကျွန်မတို့မိသားစုအကြောင်း မင်းပြောခဲ့တဲ့ ရက်စက်တဲ့စကားတွေဟာ အင်တာနက်ပေါ်မှာ ထာဝရရှိနေတော့မယ်။
ဒီနေ့ Alyssa နဲ့ Ava ကို ကျွန်မတို့ ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် အင်တာနက်ကိုတော့ ကျွန်မတို့ ဖျက်ပစ်လို့မရဘူး။
တစ်နေ့နေ့မှာ သူတို့က သူတို့မေမေရဲ့နာမည် ဒါမှမဟုတ် သူတို့အဖေရဲ့နာမည်ကို ရှာကြည့်မိနိုင်တယ်။
အဲဒီအခါ သူတို့ဘဝရဲ့ အဆိုးရွားဆုံးညအကြောင်းကို သူတို့ကိုယ်တိုင် ပြန်တွေ့သွားနိုင်တယ်။
သူတို့ဟာ တစ်ညတည်းနဲ့ မိခင်ကိုဆုံးရှုံးခဲ့ရတယ်။ ဖခင်ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဝတ်ထားတဲ့အဝတ်အစားတွေအပြင် သူတို့ပိုင်ဆိုင်သမျှနီးပါး အားလုံးကိုလည်း ဆုံးရှုံးခဲ့ရတယ်။
ပြီးတော့ ဒီအရာအားလုံးကို သူတို့က ဘာတစ်ခုမှ မထိုက်တန်ခဲ့ကြဘူး။
ဒါပေမယ့် အခု ကျွန်မပြောချင်တာထက် ပိုအရေးကြီးတဲ့အရာတစ်ခုရှိတယ်။
Ashley ဒီနေ့ ဒီနေရာမှာ စကားပြောနိုင်ခဲ့မယ်ဆိုရင် လူတိုင်းကို ပြောစေချင်မယ့်စကားပါ။
အားလုံးသိကြတဲ့အတိုင်း Ashley ဟာ သူမရဲ့အချစ်ဆုံးမိတ်ဆွေ ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခဲ့တယ်။
သူမရဲ့ဘဝတစ်လျှောက် လူတွေ ယေရှုကိုသိလာဖို့ကောင်းကင်နိုင်ငံတော်ရဲ့မျှော်လင့်ချက်ကို သိလာဖို့ပဲ အမြဲပြောခဲ့တယ်။
သူမက “ကောင်းကင်နိုင်ငံတော်ကို လူတွေနဲ့ ပြည့်စေချင်တယ်” လို့ မကြာခဏပြောခဲ့တယ်။
ဒါကြောင့် မင်းလုပ်ခဲ့တာကို သိပြီးတဲ့နောက် ကျွန်မအကြီးမားဆုံးကြောက်ခဲ့တာက လူတွေဟာ မင်းကိုကြည့်ပြီး ခရစ်ယာန်ယုံကြည်ခြင်းကိုပါ စွန့်လွှတ်သွားမှာကိုပါ။
ဒါဟာ Ashley ရဲ့နှလုံးသားကို အနာကျင်ဆုံးဖြစ်စေမယ့်အရာပဲ။
Ash ဒီနေ့ စကားပြောနိုင်ခဲ့မယ်ဆိုရင် ကျွန်မယုံတယ်… သူမက ဒီလိုပြောမှာပါ—
“ကျေးဇူးပြုပြီး… ငါ့အပေါ် ဖြစ်ခဲ့တာတွေကြောင့် ယေရှုကို မစွန့်လိုက်ကြပါနဲ့။ ယေရှုနောက်လိုက်တယ်လို့ ပြောတဲ့လူတွေရဲ့ လုပ်ရပ်နဲ့ ယေရှုကို မဆုံးဖြတ်ကြပါနဲ့။ ယေရှုကိုယ်တိုင်ကိုပဲ ကြည့်ကြပါ။”
ဒီနေ့ ကျွန်မတို့မိသားစုကတော့ တစ်ခုကို သေချာသိတယ်။
Ashley ဟာ သူမဘဝတစ်လျှောက် လူတွေကို ပြောပြခဲ့တဲ့ ကောင်းကင်နိုင်ငံတော်ထဲမှာ အခုရှိနေပြီ။
ဒါပေမယ့် မကြာသေးခင်ညတစ်ညမှာ Ashley ရဲ့သမီးတစ်ယောက် ကျွန်မဘေးမှာ လာလှဲပြီး ကျွန်မပခုံးပေါ်မှာ ငိုနေခဲ့တယ်။မေမေကို လွမ်းလွန်းလို့ပါတဲ့။
ပြီးတော့ သူမက ကျွန်မကို မေးတယ်—
“အဒေါ်… ဖေဖေက ဘာလို့ ကျွန်မတို့ကို ဒီလိုလုပ်နိုင်တာလဲ။ ဒါဆို ယေရှုကို ဘာလို့ယုံရမှာလဲ။ ယေရှုက ဒါတွေဖြစ်တာကို ခွင့်ပြုခဲ့တာမဟုတ်လား…”
အဲဒီစကားကြားလိုက်ရတဲ့အချိန်မှာ ကျွန်မအကြောက်ဆုံးအရာက တကယ်ဖြစ်လာပြီဆိုတာ သိလိုက်ရတယ်။
အဲဒီစကားကြားလိုက်ရတဲ့အချိန်မှာ ကျွန်မအကြောက်ဆုံးအရာက တကယ်ဖြစ်လာပြီဆိုတာ သိလိုက်ရတယ်။
Ashley ကိုယ်တိုင် သူ့သမီးကို တစ်ဘဝလုံး သင်ပေးခဲ့တဲ့ ယေရှုကို သူ့သမီးက မေးခွန်းထုတ်နေခဲ့တာပါ။
ကျွန်မ ခဏတိတ်နေပြီး သူမကို ပြောလိုက်တယ်—
“သမီးလေးရေ… မေမေကိုယ်တိုင် သမီးကို သင်ပေးစေချင်မယ့်အရာတစ်ခုကို အဒေါ်ပြောမယ်။
ခရစ်ယာန်ဖြစ်တယ်ဆိုတာ ယေရှုက ကိုယ့်ဘဝမှာ ဘာမှမကောင်းတာ မဖြစ်အောင် တားပေးမယ်လို့ ယုံကြည်ပြီး သူ့နောက်လိုက်တာ မဟုတ်ဘူး။
ကျွန်မတို့နေတဲ့ကမ္ဘာကြီးက ကျိုးပဲ့နေပြီး မကောင်းတဲ့အရာတွေ ရှိနေတဲ့အတွက်ပဲ ယေရှုက ဒီကမ္ဘာမြေပေါ်ကို ကြွလာခဲ့တာ။
ကျွန်မတို့နာကျင်တဲ့အခါ ကျွန်မတို့နဲ့အတူရှိဖို့ ကျွန်မတို့ကို နှစ်သိမ့်ပေးဖို့ပါ။
ယေရှုနောက်ကို လိုက်ရတာက သူဘာပေးနိုင်လဲဆိုတာကြောင့် မဟုတ်ဘူး။ သူဘယ်သူလဲဆိုတာကြောင့်ပါ။
သူက ပြဿနာကင်းတဲ့ဘဝကို ကတိမပေးဘူး။ ဒါပေမယ့် ကျွန်မတို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး လို့ ကတိပေးတယ်။
သေမင်းရဲ့အရိပ်ချိုင့်ဝှမ်းထဲကို ဖြတ်သန်းရတဲ့အခါတောင် ခြေလှမ်းတိုင်း ကျွန်မတို့နဲ့အတူ လျှောက်ပေးမယ်။
ဒါကြောင့် ယေရှုက ဒီထက်ပိုပြီး ဘာမှမလုပ်ပေးတော့ဘူးဆိုရင်တောင် သူက ကျွန်မတို့အပြစ်တွေအတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပေးခဲ့တာ ပြန်လည်ရှင်ပြန်ထမြောက်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့မျှော်လင့်ချက်ကို ပေးခဲ့တာ… အဲဒါတစ်ခုတည်းနဲ့ လုံလောက်နေပြီ။
သမီးလေးရေ… ဒါကြောင့်ပဲ မေမေက အခု ကောင်းကင်နိုင်ငံတော်မှာ ရှိနေတာ။ယေရှုက မေမေအတွက် အသေခံပေးခဲ့လို့ပါ။
ပြီးတော့ သူ့ရဲ့အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကြောင့် မေမေ့ရဲ့ကမ္ဘာမြေပေါ်ကဘဝ အဆုံးသတ်သွားတဲ့အချိန်မှာ မေမေဟာ သူမရဲ့အချစ်ဆုံးမိတ်ဆွေ ယေရှုရဲ့လက်ထဲကို တန်းတန်းမတ်မတ် ပြေးဝင်သွားနိုင်ခဲ့တာပါ။”
ဒါပေမယ့် နာကျင်မှုတွေ ဘယ်လောက်ကြီးမားနေပါစေ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို သတိပေးနေတဲ့အရာလေးတွေက နေရာတိုင်းမှာ ရှိနေသေးတယ်လို့လည်း သူမကို ပြောခဲ့တယ်။
တစ်ပွင့်ပြီးတစ်ပွင့် စုကြည့်ပါ။
အစမှာတော့ ပန်းလေးတစ်ပွင့် နှစ်ပွင့်ပဲ မြင်ရမယ်။
ဒါပေမယ့် တစ်ပွင့်ချင်းစီ ဆက်စုသွားတဲ့အခါ တစ်ချိန်မှာ ကိုယ့်လက်ထဲမှာ ကောင်းချီးတွေနဲ့ပြည့်နေတဲ့ ပန်းစည်းကြီးတစ်စည်း ရှိနေပြီဆိုတာ သိလာမယ်။
ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်မှာတောင် ဘုရားသခင်က ကောင်းမြတ်နေဆဲပဲ
ဆိုတာကို သတိပေးနေတဲ့အရာပါ။
ဆိုတာကို သတိပေးနေတဲ့အရာပါ။
ပြီးတော့ ဒီအရာအားလုံးထက် ကြီးမားတဲ့လက်ဆောင်ကတော့—
လက်ဝါးကပ်တိုင် ရှင်ပြန်ထမြောက်ခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ရဲ့ မျှော်လင့်ချက်ပါ။
ဒါဟာ Matthew နဲ့ ကျွန်မတို့ သမီးလေးယောက်ကို ကျန်တဲ့ဘဝတစ်လျှောက် သင်ပေးသွားမယ့်အရာပါ။
ခရစ်ယာန်ယုံကြည်ခြင်းစစ်မှန်တယ်ဆိုတာ ယေရှုဆီက ကိုယ်ရချင်တာကို ရှာဖို့မဟုတ်ဘူး။ ယေရှုဟာ ဘယ်သူလဲဆိုတာ သိဖို့ သူ့ကိုယ်တိုင်ကို ရှာဖို့ပါ။
Caleb…
မင်းက Ashley ကို ဒီကမ္ဘာကနေ ယူသွားခဲ့တယ်။
သူ့သမီးတွေဆီက မိခင်တစ်ယောက်ကို ယူသွားခဲ့တယ်။
မင်းကိုယုံကြည်ခဲ့တဲ့ မိသားစုတစ်စုကို ချိုးဖျက်ခဲ့တယ်။
Alyssa နဲ့ Ava တို့ရဲ့ဘဝတစ်လျှောက် သယ်ဆောင်သွားရမယ့် နာကျင်မှုကို ဖန်တီးခဲ့တယ်။
ဒါပေမယ့် သူတို့ဆီက ယေရှုကိုတော့ မင်း မယူနိုင်ခဲ့ဘူး။
Ashley ဆီက ကောင်းကင်နိုင်ငံတော်ကိုလည်း မင်း မယူနိုင်ခဲ့ဘူး။
ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကိုလည်း မင်း မဖျက်ဆီးနိုင်ခဲ့ဘူး။
ပြီးတော့ မင်းသိစေချင်တာ နောက်ထပ်တစ်ခုရှိတယ်။
ကျွန်မ မင်းကို ခွင့်လွှတ်တယ်။
မင်းနဲ့ Alleigha နှစ်ယောက်စလုံးကို ခွင့်လွှတ်တယ်။
ဖြစ်ခဲ့တာတွေကို ခွင့်လွှတ်သင့်လို့ မဟုတ်ဘူး။
မေ့ပစ်သင့်လို့လည်း မဟုတ်ဘူး။
အကျိုးဆက်တွေ မရှိသင့်ဘူးလို့လည်း မဟုတ်ဘူး။
ကျွန်မ ခွင့်လွှတ်တာက မင်းလုပ်ခဲ့တာကြောင့် ကျွန်မရဲ့ဘဝထဲမှာ နောက်ထပ်တစ်စိတ်တစ်ပိုင်းကို မုန်းတီးမှုနဲ့ အငြိုးအတေးတွေကြောင့် မဖျက်ဆီးချင်တော့လို့ပါ။
ကျွန်မယုံကြည်တဲ့ ဘုရားသခင်က သနားတတ်သလို တရားမျှတတဲ့ဘုရားလည်း ဖြစ်တယ်။
စီရင်ခြင်းဟာ သူ့အတွက်ပဲဖြစ်တယ်လို့ သူပြောထားတယ်။ ဒါကြောင့် အဲဒီအရာကို သူ့လက်ထဲမှာပဲ ကျွန်မအပ်ထားတယ်။
တရားမျှတမှုကို ကျွန်မ မသယ်ဆောင်ဘူး။ ခွင့်လွှတ်ခြင်းကိုတော့ ကျွန်မရွေးချယ်တယ်။
ဘယ်လောက်ကြောက်စရာကောင်းတဲ့အခြေအနေဖြစ်နေပါစေ ဘုရားသခင်က အဲဒီအရာတွေထဲကနေတောင် ကောင်းကျိုးတစ်ခုခုကို ဖော်ဆောင်နိုင်တယ်လို့ ကျွန်မယုံတယ်။
အခု ကျွန်မတို့ပတ်ဝန်းကျင်က လူတွေအများကြီး ကျွန်မတို့မိသားစုဘေးမှာ ရပ်တည်ပေးနေကြတာကိုယ်တိုင်က အဲဒီကောင်းမြတ်ခြင်းရဲ့ သက်သေတစ်ခုပဲ။
ဒါဟာ ကောင်းကင်ကနေ တိုက်ရိုက်ပေးလိုက်တဲ့ လက်ဆောင်တစ်ခုလိုပါပဲ။
ပြီးတော့ Matthew နဲ့ ကျွန်မအတွက် သမီးလေးယောက်ကို ချွင်းချက်မရှိ ချစ်ပြီး ပြုစုပျိုးထောင်နိုင်တဲ့အခွင့်အရေးလည်း ရှိနေသေးတယ်။
ကျွန်မရဲ့ဘဝတစ်လျှောက် Ashley အတွက် အရေးကြီးဆုံးအရာကို ဆက်လုပ်သွားမယ်။
Ashley က လူတွေ ယေရှုကို သိစေချင်ခဲ့တယ်။
ဒီကမ္ဘာကြီးက ကျိုးပဲ့နေတယ်ဆိုပေမယ့် ဒါဟာ ဇာတ်လမ်းရဲ့အဆုံးသတ် မဟုတ်ဘူး ဆိုတာကို လူတွေသိစေချင်ခဲ့တယ်။
သူမက ကောင်းကင်နိုင်ငံတော်ကို လူတွေနဲ့ ပြည့်စေချင်ခဲ့တယ်။
ဒါကြောင့် ကျွန်မတို့ သမီးလေးယောက်ကို—
ချစ်တတ်ဖို့၊
ခွင့်လွှတ်တတ်ဖို့၊
နာကျင်ရင်တောင် အမှန်တရားကို ပြောတတ်ဖို့၊
ဘယ်သူမှ မမြင်တဲ့အချိန်မှာတောင် မှန်ကန်တာကို ရွေးချယ်တတ်ဖို့ သင်ပေးသွားမယ်။
ဘဝက မခံနိုင်လောက်အောင် မှောင်မိုက်လာတဲ့အခါ…
အောက်ကိုငုံ့ကြည့်ပြီး ဒေစီပန်းလေးတွေကို တစ်ပွင့်ချင်းစီ စုဖို့ သင်ပေးသွားမယ်။ 
ဘာလို့လဲဆိုတော့ ဒီလောက်အရာတွေ ဖြစ်ပျက်ပြီးသွားတဲ့နောက်မှာတောင် ဘုရားသခင်က နေရာတိုင်းမှာ ကောင်းချီးလေးတွေ ချန်ထားပေးနေဆဲဖြစ်လို့ပါ။
ဒါကြောင့် ကျွန်မအစ်မကို ဂုဏ်ပြုဖို့ အကောင်းဆုံးနည်းလမ်းက သူမစတင်ခဲ့တဲ့အရာကို ဆက်လုပ်သွားတာပဲ။
သူမရဲ့သမီးလေးတွေကို သူမရဲ့အချစ်ဆုံးမိတ်ဆွေ ယေရှုကို သိပြီး ချစ်တတ်အောင် ပြုစုပျိုးထောင်မယ်။
ပြီးတော့ နားထောင်ချင်သူတိုင်းကို ဒီစကားကို ဆက်ပြောသွားမယ်—
ကျွန်မတို့ဘဝရဲ့ အမှောင်မိုက်ဆုံးဇာတ်လမ်းထဲမှာတောင် လက်ဝါးကပ်တိုင်ရှိနေသေးတယ်။
ရှင်ပြန်ထမြောက်ခြင်းရှိနေသေးတယ်။
ကောင်းကင်နိုင်ငံတော်ရဲ့ မျှော်လင့်ချက်ရှိနေသေးတယ်။
Ashley ကို ပြန်တွေ့ရမယ့်နေ့အထိ…
ကျွန်မတို့ ဒေစီပန်းလေးတွေကို တစ်ပွင့်ချင်းစီ ဆက်စုသွားမယ်။ 


========================================================================
Hih a nuai a pen thupiang dan a tom kim a sim nuam ta ding kawl lai tawh
‼️ ကိုယ်မနက် ၄ နာရီအထိ မအိပ်ဘဲ ထောင်မကျဘဲ ကိုယ့်ဇနီးကို သတ်နိုင်မယ့် နည်းလမ်းတွေကို ထိုင်စဉ်းစားနေခဲ့တာ..." ဆိုတဲ့ Message က Caleb Flynn နဲ့ သူ့ရဲ့ တိတ်တိတ်ပုန်းချစ်သူ Alleigha တို့ နှစ်ဉီးကြား ပို့ခဲ့ကြတဲ့ Message ပေါင်း ၁ သိန်းကျော်ထဲက တစ်ခုဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရဲ့ Tipp City မြို့လေးမှာ အပြင်ပန်းကြည့်ရင် လုံးဝ ပြီးပြည့်စုံလွန်းတဲ့ မိသားစုတစ်ခု ရှိခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် Ashley Flynn ဟာ မြို့ခံလူထုကော ကျောင်းသူကျောင်းသားတွေပါ အလွန် ချစ်ခင်ကြတဲ့ မူလတန်းပြဆရာမ၊ ဘော်လီဘော နည်းပြနဲ့ သမီးလေးနှစ်ယောက်ကို အရမ်းချစ်တဲ့ သူတို့ရဲ့ စံပြမိခင်တစ်ယောက်ပါ။ ✅သူရဲ့ ခင်ပွန်း Caleb Flynn ကလည်း ၂၀၁၃ တုန်းက 'American Idol' ပြိုင်ပွဲမှာ "ကျွန်တော် ကျွန်တော့်ဇနီးကို ကမ္ဘာပေါ်မှာ အချစ်ဆုံးပါ" လို့ တိုင်းပြည်တစ်ခုလုံးရှေ့ မျက်ရည်ကျပြရင်း ကြွေးကြော်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့ပြင် ဘုရားကျောင်းမှာ ဓမ္မတေး ဦးဆောင်ဆိုတဲ့ သင်းအုပ်ဆရာ တစ်ယောက် ဖြစ်သလို၊ ယောက္ခမပိုင်တဲ့ ကုမ္ပဏီမှာ ဒုတိယဥက္ကဋ္ဌ ရာထူးနဲ့ တစ်နှစ်ကို ဒေါ်လာ ၂ သိန်းနီးပါး ရရှိထားတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတစ်ယောက်လဲ ဖြစ်ပါတယ်။ ယောက္ခမက ဘယ်လောက်ကောင်းလဲဆိုတော့ သူ့ကို သားအရင်းလို သဘောထားပြီးတော့ သူ့ကုပ္မဏီမှာ လစာကြီးကြီး ရာထူးကြီးကြီးပေးထားတဲ့အပြင်၊ ကျန်းမာရေး အာမခံတွေနဲ့ တစ်လကို မိသားစု သုံးစွဲဖို့အတွက် ဒေါ်လာ ၁၀၀၀ အလှူငွေပုံမှန် ပေးနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို သာယာလှတဲ့ အိမ်ထောင်ရဲ့ နောက်ကွယ်မှာတော့ ဘယ်သူမှ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့ပါတယ်။
Caleb ဟာ ၂၀၂၂ ခုနှစ်ကစလို့ ဘုရားကျောင်းကို အလုပ်သင်အဖြစ် ရောက်လာတဲ့ အသက် ၂၀ အရွယ် Alleigha Botner ဆိုတဲ့ သင်တန်းသူနဲ့ ၁၈ လနီးပါးကြာ တရားမဝင် ဖောက်ပြန်နေခဲ့တာပါ။ သူတို့အချင်းချင်း အပြန်အလှန်ပို့ခဲ့ကြတဲ့ Message တွေထဲမှာ Caleb နဲ့ တိတ်တိတ်ပုန်း ချစ်သူ/မယားငယ်တို့ဟာ မယားကြီးဖြစ်တဲ့ Ashley ကို သူ့ရဲ့ နာမည်ရင်းကိုတောင် မခေါ်ကြဘဲ 'douche'၊ 'စုန်းမ' စတဲ့ ရိုင်းစိုင်းတဲ့ အမည်ဆိုးတွေနဲ့ နှိမ့်ချ ခေါ်ဆိုခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ Caleb နဲ့ Ashley တို့ဟာ ၁၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ် မက္ကဆီကိုနိုင်ငံ၊ Cabo (Cabo San Lucas) ကို သင်္ဘောခရီးစဉ် (Riviera Cruise) ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မယားငယ် Alleigha က အလွန်အမင်း ဒေါသထွက်ပြီး မနာလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ Alleigha က Caleb ဆီကို - "မင်းရဲ့ ၁၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ခရီးစဉ်မှာ ပျော်ရွှင်ပါစေဦး... မင်းတို့ရဲ့ ၁၅ နှစ်ဆိုတဲ့ သမိုင်းကြောင်းနဲ့ ငါတို့ရဲ့ ၁၇ လဆိုတာ နှိုင်းယှဉ်လို့တောင် မရပါဘူး၊ သူပဲ အမြဲတမ်း အနိုင်ရတာပါပဲ... လေယာဉ်ပေါ်မှာ၊ ဟိုတယ်မှာ၊ Cabo မှာ သူ့နဲ့အတူ အချိန်ဖြုန်းလိုက်ပါ" ဆိုပြီး သရော်တဲ့ Message တွေ ပေးပို့ခဲ့ပါတယ်။ ဒါ့ပြင် ဒီခရီးစဉ်အကြောင်း တွေးမိရုံနဲ့ စိတ်ပျက်အန်ချင်သလို ခံစားရပြီး သေချင်စိတ်တောင် ပေါက်တယ်လို့ ရေးသားခဲ့တာပါ။
Caleb က မယားငယ် စိတ်ကျေနပ်အောင် ခရီးစဉ် မသွားခင်မှာပဲ - "ငါ အဲဒီ ခရီးမှာ လုံးဝ ပျော်မှာ မဟုတ်ပါဘူး... ငါ့ရဲ့ နှလုံးသားနဲ့ စိတ်က မင်းဆီမှာပဲ ရှိနေမှာပါ။ ငါ သူ့ကို လုံးဝ ထိမှာ မဟုတ်ဘူး၊ ငါ သူ့ကို မုန်းတယ်၊ အမြဲတမ်းလည်း မုန်းနေမှာပါ" ဆိုပြီး မယားငယ်ဆီ Message တွေ ပေးပို့ခဲ့ပါတယ်။ သင်္ဘောခရီးစဉ်ကနေ ပြန်လာပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ Alleigha က Caleb ကို စကားမပြောဘဲ ရှောင်ထွက်နေခဲ့ပါတယ်။ အဲဒီအခါ Caleb ဟာ မယားငယ်ကို လက်လွှတ်လိုက်ရမှာ အလွန်တရာ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး - "ဒီ သင်္ဘောခရီးစဉ် ရောက်သွားတာဟာ ငါ့ဘဝမှာ အဆိုးရွားဆုံးပါပဲ... ငါ မင်းကို မနာကျင်စေချင်ပါဘူး... ငါ ညက မနက် ၄ နာရီအထိ ထိုင်ပြီး ထောင်မကျဘဲ သူ့ကို သတ်နိုင်မယ့် နည်းလမ်းတွေကို ထိုင်စဉ်းစားနေခဲ့တာ" ဆိုတဲ့ တုန်လှုပ်ဖွယ်ရာ Message ကို မယားငယ်ဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် သင်္ဘောခရီးစဉ်ဟာ Caleb နဲ့ မယားငယ်ကြား တင်းမာမှုကို အထွဋ်အထိပ် ရောက်စေခဲ့ပြီး၊ မယားငယ်ကို မဆုံးရှုံးရစေဖို့အတွက် ဇနီးဖြစ်သူ Ashley ကို သတ်ဖြတ်ဖို့ လူမဆန်တဲ့ အစီအစဉ်တွေကို ပိုမို အရှိန်မြှင့် စတင်လာစေခဲ့တဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် မယားငယ်ကလည်း အိမ်ထောင်ဖက်နဲ့ အမြန်ကွာရှင်းပစ်ဖို့အတွက် Caleb ကို ရာဇသံတွေ တောက်လျှောက်ပေးနေခဲ့ပါတယ်။ ကျေးဇူးတော်ချီးမွမ်း မတိုင်ခင် ကွဲပစ်ရမယ်၊ နောက်တော့ ခရစ်စမတ်၊ နောက်တော့ ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်နေ့တွေကို နောက်ဆုံး Deadline ထားပြီး ကွဲပစ်ရမယ် မဟုတ်ရင် သူနဲ့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူး စသည်ဖြင့် အကျပ်ကိုင် ဖိအားပေးခဲ့တာပါ။
ဒီလိုမျိုး Deadline တွေအောက်မှာ Caleb ဟာ မယားငယ်ကို လက်မလွှတ်ရစေဖို့နဲ့ ဘုရားကျောင်းမှာ ဂုဏ်သိက္ခာ မပျက်စေဖို့ အစွန်းရောက် အတ္တဆန္ဒတွေ ဝင်လာခဲ့ပြီး နောက်ဆုံးမှာတော့ ဇနီးဖြစ်သူ Ashley ကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့အထိ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်ရှင့်။ သူက မိန်းမကို မချစ်တော့ဘူးဆိုရင် ကွာရှင်းလိုက်ရင် ရတာဘဲ ဘာဖြစ်လို့ ကွာရှင်းတဲ့လမ်းကို မရွေးဘဲ သတ်ပစ်ချင်ရတာလဲဆိုတော့ သူက ဘုရားကျောင်းက သူ့အလုပ်နဲ့ ယောက္ခမပေးထားတဲ့ တစ်နှစ် ဒေါ်လာ ၂ သိန်းလောက်တန်တဲ့အလုပ်ကို မစွန့်လွတ်ချင်လို့ဖြစ်ပါတယ်။ သူ့မိန်းမ Ashley ကို မယားငယ်အတွက် ကွာရှင်းခဲ့မယ်ဆိုရင် ဒီ ၂ ခုစလုံးကို လက်လွတ်လိုက်ရမှာဖြစ်တယ်။ ဒါကြောင့် မိန်းမ သေသွားမှသာ သူက ဘုရားကျောင်းနဲ့ ယောက္ခမတွေရဲ့ ပံ့ပိုးကူညီမှုကို ဆက်ရနေမှာ ဖြစ်တဲ့အတွက် သတ်ပစ်ဖို့ ရက်ရက်စက်စက် ဆုံးဖြတ်ရဲခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၁ မိနစ်မှာတော့ Tipp City ရဲ့ 911 အရေးပေါ်ဌာနဆီကို သနားစရာအသံလေးနဲ့ ငိုယိုပြီး ဖုန်းဆက်သံတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ဖုန်းဆက်သူကတော့ Caleb Flynn ပါပဲ။ သူက 'ဒုက္ခပါပဲ... တစ်ယောက်ယောက် ငါ့အိမ်ထဲကို ဝင်လာတယ်... ငါ့ဇနီးကို ပစ်သတ်သွားပြီ... အိမ်ထဲမှာ သွေးတွေချည်းပဲ... ကူညီကြပါဦး' ဆိုပြီး သဲသဲမဲမဲ အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ ၇ မိနစ်ကြာတဲ့ အဲဒီ 911 ဖုန်းကောလ်အတွင်းမှာ Caleb က သူဟာ အခင်းဖြစ်ချိန်မှာ သမီးလေးနှစ်ယောက်ရဲ့ အခန်းထဲမှာ ရောက်နေခဲ့တာဖြစ်ပြီး၊ အိမ်ရှေ့ဂိုဒေါင် (Garage) ရဲ့ ဘေးတံခါး ပွင့်နေတာကို တွေ့ရကြောင်း၊ လူစိမ်းတစ်ယောက်ဝင်လာပြီး အိပ်ခန်းထဲမှာ အိပ်ပျော်နေတဲ့ ဇနီးဖြစ်သူ Ashley ရဲ့ ခေါင်းကို သေနတ်နဲ့ နှစ်ချက် ပစ်ခတ်သွားတာပါဆိုပြီး ပြောဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာတော့ အသက် ၃၇ နှစ်အရွယ် Ashley ဟာ အိပ်ခန်းထဲက ကုတင်ပေါ်မှာတင် ခေါင်းကို သေနတ်နှစ်ချက် ထိမှန်ပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို စတင်စစ်ဆေးချိန်မှာတင် မသင်္ကာစရာ အချက်အလက်များစွာကို စတင်တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်အနေနဲ့ Caleb ရဲ့ Ford ပစ်ကပ်ကားရဲ့ အလယ်လက်တင်ပုံး ပွင့်နေတာကို ရဲတွေ သတိထားမိခဲ့ကြပါတယ်။ အဲဒီလက်တင်ပုံးဟာ Caleb ရဲ့ 9mm လက်နက်ကို သိမ်းဆည်းထားတဲ့နေရာဖြစ်ပြီး Caleb က လူစိမ်းက ကားထဲက သေနတ်ကို ခိုးယူပြီး ဇနီးကို ပစ်သတ်သွားတာပါလို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဇာတ်လမ်းမှာ လုံးဝ ဖြစ်နိုင်ခြေမရှိတဲ့ ဟာကွက်ကြီးတွေ ရှိနေခဲ့ပါတယ်။ ဂိုဒေါင်ရဲ့ ဘေးတံခါးဟာ ပွင့်နေတယ်ဆိုပေမဲ့ အဲဒီတံခါးရဲ့ အတွင်းဘက်မှာ ရေခဲသေတ္တာအကြီးကြီးတစ်လုံးက ပိတ်ဆို့ထားတာပါ။ အပြင်ကလူတစ်ယောက်က အတင်းတွန်းဖွင့်ရင်တောင် အဲဒီရေခဲသေတ္တာကြီးကို တွန်းရွှေ့ဖို့ မလွယ်ကူသလို၊ အဲဒီလိုလုပ်ခဲ့ရင် အသံအကျယ်ကြီး ထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့ပြင် Flynn မိသားစုမှာ မသင်္ကာဖွယ်ရာ လူစိမ်းတွေ့ရင် တဟောင်ဟောင်နဲ့ အသံကုန်ဟောင်တတ်တဲ့ ရွှေဝါရောင် ဂိုဒင်ဒူးဒဲလ် (Golden Doodle) ခွေးကြီးနှစ်ကောင် ရှိနေတာပါ။ အဲဒီညက ခွေးတွေတစ်ချက်မှ မဟောင်ခဲ့သလို အိမ်ထဲကို လူစိမ်းဝင်လာတဲ့ ခြေရာ၊ လက်ဗွေရာ၊ DNA နဲ့ အတင်းအဓမ္မ ဝင်ရောက်ထားတဲ့ သဲလွန်စ ဘာတစ်ခုမှ မတွေ့ရပါဘူး။
ဒါ့အပြင် အခင်းဖြစ်ချိန်မှာ Caleb ရဲ့ ဖုန်းနဲ့ ဒီဂျစ်တယ် စက်ပစ္စည်းတွေက အိမ်ထဲမှာ လှုပ်ရှားနေခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းအပြီး... အခင်းဖြစ်ပွားပြီး ၈၂ နာရီအကြာ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ Tipp City ရဲတပ်ဖွဲ့က Caleb Flynn ကို ဇနီးဖြစ်သူ Ashley ကို သတ်ဖြတ်မှုနဲ့ တရားဝင် လာရောက် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒီအမှုမှာ မထူးဆန်းပေမယ့် Caleb လိုသစ္စာဖောက်အတွက် ရင်နင့်စရာအကောင်းဆုံး အလှည့်အပြောင်းကတော့ သူ့ကို မခွဲနိုင်အောင် ချစ်ပါတယ်ဆိုတဲ့ မယားငယ် Alleigha ရဲ့ လုပ်ရပ်ပါပဲ။ အစပိုင်းမှာ ဖောက်ပြန်မှုကို ဖုံးကွယ်ခဲ့ပေမဲ့ FBI က သံသယရှိလာတဲ့အခါ သူပါ ကြံရာပါအနေနဲ့ ဆွဲစိခံရမှာ စိုးရိမ်လာတဲ့အတွက်ကြောင့် Alleigha ဟာ ရှေ့နေနဲ့အတူ FBI ထံ သွားရောက်ပြီး ၁၈ လတာအတွင်း ပေးပို့ခဲ့တဲ့ စာတို ၁ သိန်းကျော် အပါအဝင် အမှန်တရားအားလုံးကို အကုန်အစင် ထုတ်ဖော် ထွက်ဆိုခဲ့ပါတယ်။
သူကအခင်းဖြစ်ချိန်မှာ အခြားမြို့မှာ ရောက်နေကြောင်း Geolocation နဲ့ သက်သေပြနိုင်ခဲ့လို့ လူသတ်မှုမှာ ကိုယ်ထိလက်ရောက် ပါဝင်ခြင်း မရှိတဲ့ မယားငယ်ဟာ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့ပြီး တရားခွင်မှာ Caleb ကို ဆန့်ကျင်ဘက် သက်သေအဖြစ် ထွက်ဆိုကာ "အခုတော့ Caleb ကို ငါ အလွန် စက်ဆုပ်မုန်းတီးပါတယ်" လို့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာတော့ တရားသူကြီး Jeannine Pratt က Caleb Flynn ကို ခံဝန်လျှောက်ထားခွင့် မရှိတဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြင် အပိုထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပါတယ်။ Caleb က အဆုံးထိ ငြင်းဆိုခဲ့ပေမဲ့၊ အသက် ၁၂ နှစ်အရွယ် သမီးကြီး Alyssa ကတော့ "ဖေဖေဟာ ကိုယ့်ကိုယ်ကိုကလွဲလို့ ဘယ်သူ့ကိုမှ မချစ်တတ်သူပါ။
ထောင်ထဲကို ဖေဖေ့ဆီ သမီး ဘယ်တော့မှ လာတွေ့မှာ မဟုတ်ဘူး" လို့ ရဲရဲဝံ့ဝံ့ ပြတ်သားစွာ ထွက်ဆိုခဲ့ပါတယ်။ ကိုယ့်ရဲ့ ဇနီးအရင်းကို သတ်ပစ်ခဲ့တဲ့အထိ မိုက်မှားခဲ့တဲ့ Caleb ဟာ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး၊ သူ လိုချင်ခဲ့တဲ့ မယားငယ်ကိုယ်တိုင်ကပါ တရားခွင်မှာ ကိုယ်လွတ်ရုံးကာ သူ့ကို စက်ဆုပ်ကြောင်း ထွက်ဆိုသွားခဲ့တဲ့ ဒီအဖြစ်ဆိုးကြီးကို ကြည့်ရင် တဏှာနဲ့ အတ္တဆန္ဒတွေရဲ့ အဆုံးသတ်ဟာ ဘယ်လောက်အထိ ရင်နင့်စရာကောင်းသလဲဆိုတာ ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ မိတ်ဆွေတို့ကော ဒီလို မကောင်းဆိုးဝါးဆန်တဲ့ ဟန်ဆောင်မှုတွေနဲ့ မယားငယ်ရဲ့ နောက်ဆုံး အလှည့်အပြောင်းအပေါ် ဘယ်လို မြင်ကြပါသလဲ။ မိတ်ဆွေတို့ရဲ့ အတွေးအမြင်တွေကိုလည်း အောက်မှာ ဆွေးနွေးသွားကြပါဦးနော်

0 Comments