Tonzang sanginnpi

Tonzang Sanginnpi Lungzuanhuai na en kik nuam hiam

Tonzang Sanginnpi C Lim

Tonzang Sanginnpi lui pen C lim a kilam pen a en kik nuam te a ding lungzuan huai peuhmah ei

Tonzang Jubilee Laibupi

Tonzang Jubilee Laibu laimai ( pages ) 150 na sim nop leh

ZBCM TANG THU ( updated )


Rev. Dr. Gin Khan Khual

TONZANG ZCD IN TANGTHU THAK LAM! ( ZCD 2015 ELECTION )


Lei kiuli aa om Zomite' zak nopnop thu kong gen ding hi.
Tonzang ah Tutna mun 4 om lak ah ZCD in mun 3 ngah hi. A omlai mun 1 pen NLD in ngah hi.
Gualzawhna ngah ZCD candidate te anuai aa bang hi.
1. Pu Kham Khan Thang - Pyithuh Hluttaw (lower house)
2. Pi Cing Ngaih Mang - Ahmyothar Hluttaw (upper house)
3. Pu Pau Lun Min Thang - Pyine Hluttaw No. 2
Amauteng leitung pian zawh Zomi min tawh Hluttaw akah masapen ding ahi uh hi.
Leitung pianzawh Zomi min tawh Hluttaw akah masa pen lak ah Tonzang Numei khat akihel ding hong suak hi.
Tonzang pan USDP in ngah vetlo ahih man in Tonzang papite lungkim mahmah uh hi.
Hih thu pen thunei te'n akipsak uh bel hi nailo aa asungtawng pan kong sawk khiat sim ahi hi.
Lungdam
Mung Laan Thang
Posted on Nov 9, 2015

BANG HANG IN TEDIM AH ZCD IN ZO KHIN LO?

ZCD 2015 ELECTION: ELEVEN MEDIA

 

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၂ နေရာတွင် ၀င်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ခြောက်ခုတွင် အနိုင်ရရှိကြောင်း သတင်းရရှိသည်။

ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာ၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာ ခြောက်ခုတို့တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

“စုစုပေါင်းပြိုင်တဲ့ ၁၂ နေရာမှာ တီးတိန်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်နယ်လွှတ်တော် (၁) ရယ် နိုင်ပါတယ်။ ပြီးရင် တွန်းဇံမြို့နယ်မှာ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ် ပြီးရင် ပြည်နယ်လွှတ်တော် (၂) ရယ် နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်တာက မဲကတော့ အပြတ်အသတ်ပါပဲ။ မဲတော့ ကွာပါတယ်။ သုံးထောင်၊ လေးထောင်၊ ငါးထောင်လောက် ကွာပါတယ်။ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာတော့ ပြည်ခိုင်ဖြိုးက နှစ်နေရာရတယ်။ ကျန်တာ NLD က နိုင်တာပါ။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရလဒ် အကုန် မကြေညာရသေးဘူး” ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပူဂင်ကမ်းလျန်က ပြောကြားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ် အသီးသီး၏ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်များကို ကြေညာထားမှုအရ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တီးတိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပူကျင့်ရှင်းထန်က မဲရလဒ် ၁၄၉၆၇ မဲ၊ တီးတိန် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ် ဦးပူထန်ဒိတ်ခုတ်က မဲရလဒ် ၆၂၇၈ မဲနှင့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် ဦးပူဂင်ကမ်းလျန်က မဲရလဒ် ၅၈၈၀ တို့ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီတစ်ခုဖြစ်ပြီး ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဟုဆိုကာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် မဟာမိတ် တိုင်းရင်းသား ပါတီများနည်းတူ ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ခြင်း မရှိပေ။

“အခုတော့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်သွားဖို့ စိတ်အားထက်သန်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုတဲ့ အင်အားစုတွေ စုစည်းပြီးတော့ ကျွန်တော်တို့ ဆက်လက်လှုပ်ရှား ရည်မှန်းဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ” ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပူဂင်ကမ်းလျန်က ပြောကြားသည်။
Writer: 
ဇာလီမြင့်ဦး
 Src:Eleven Media