Tonzang sanginnpi

Tonzang Sanginnpi Lungzuanhuai na en kik nuam hiam

Tonzang Sanginnpi C Lim

Tonzang Sanginnpi lui pen C lim a kilam pen a en kik nuam te a ding lungzuan huai peuhmah ei

Tonzang Jubilee Laibupi

Tonzang Jubilee Laibu laimai ( pages ) 150 na sim nop leh

KHUPPI' ALBUM လူပဲအတူပဲ MTV A SAWT LO IN HAWMKHIA TA DING!

Tua hi'n, kasep theih ah hih la  ကျေနပ်တယ် pen kei ( Khuppi ) la hi cih mikim in a tel theih na ding a VCD bawl khia ding ki thawi ka hihi. 
 ဒီတော့ လုပ်နိုင်တာက ဒီသီချင်းက ကျွန်တော့်သီချင်းပါဆိုပြီး ပရိသတ်သိအောင် VCD နဲ့လုပ်ဖို့အတွက်
 ပြင်ဆင်နေပါတယ်။




လူပဲအတူပဲ MTV ထွက်ရှိလာတော့မည့် အဆိုတော် ခုပ်ပီး နှင့် တွေ့ဆုံခြင်း
မေး။ ။အရင်ဆုံးမိတ်ဆက်ပေးပါအုံး။
ဖြေ။။ကျွန်တော်နာမည် (khup pi ခုပ်ပီး) ဖြစ်ပါတယ်။ ချင်းပြည်မှာပဲမွေးတယ်။ ၉၃ ခုနှစ်မှာ ရန်ကုန်ရောက်လာတယ်။၂၀၁၀ မှာ စိတ်ပညာနဲ့ကျောင်းပြီးတယ်။ အိမ်မှာခေါ်တဲ့နာမည်နှင့် အနုပညာနာမည်ကတော့ ခုပ်ပီး ဖြစ်ပါတယ်။
မေး။ ။ ဂီတကို ဘယ်ချိန်ထဲက ၀ါသနာပါခဲ့တာလဲ။
ဖြေ။ ။ငယ်ငယ်လေးထဲကနေ ၀ါသနာပါတယ်။ကျွန်တော်တို့ ရန်ကုန်ရောက်တဲ့အချိန်မှာ မိသားစုကလည်း သိပ်အဆင်မပြေတော့ ဂီတဘက်ကို သိပ်မလိုက်စားဖြစ်ပဲနဲ့ ကျောင်းပဲတက်တယ်။ ကျောင်းပြီးတဲ့အချိန်ကျတော့ အသက် ကလဲကြီးပြီဆိုတော့ အဆိုပိုင်းပဲ လုပ်ဖြစ်သွားတော့တယ်။
မေး။ ။မိဘမျိုးရိုးတွေထဲမှာကော ဂီတနဲ့ပတ်သတ်တဲ့သူတွေရှိလား။
ဖြေ။ ။မျိုးရိုးဆိုတာ သီးသန့်ကြီးတော့မရှိပါဘူး။ဒါပေမယ့် ကျွန်တော့်ဦးလေးကတော့ ချင်းသီချင်းတွေရေးတဲ့သူ တစ်ယောက်ဖြစ်တယ်။ သူ့ခေတ် သူ့ခါမှာဆိုရင် သူလည်းနာမည်ကြီးတစ်ယောက်ပါပဲ။ သူရေးတဲ့သီချင်းတွေဆိုရင် လူတိုင်းကြိုက်ကြတယ်။ အခုလည်းသူရှိနေသေးတယ်။သူ့ကိုလည်း ဂီတနဲ့ပတ်သတ်ရင် ကျွန်တော် အမြဲတမ်းတိုင်ပင်ပါတယ်။
မေး။ ။မြူးဇစ်တွေထဲမှာ ဘယ်တူရိယာပစ္စည်းကိုတီးခတ်တာ အကျွမ်းကျင်ဆုံးလဲ။
ဖြေ။ ။ကျွန်တော်က ဟိုလိုဂစ်တာကိုတော့ အကျွမ်းဆုံးပါပဲ။ ကျန်တဲ့ဟာတွေလည်း နဲနဲပါးပါးစီတီးလို့ရပါတယ်။ ကျွန်တော်က တေးဂီတကိုသီးသန့်ကြီး သင်ကြားတာတော့ မရှိပါဘူး။ ငယ်ငယ်လေးထဲက ကိုယ်ကြိုက်တဲ့ စာအုပ်တွေဝယ်ပြီးတော့တီးတယ်။ကန်ဘောင်ပေါ်မှာလဲ သွားပြီးတီးတယ်။ အခုတော့ မတီးတာကြာပြီပေါ့။
မေး။ ။အခု ပထမဆုံးတေးစီးရီးဖြစ်တဲ့ ““လူပဲအတူပဲ”” ဆိုတဲ့ တေးစီးရီးဖြစ်ပေါ်လာပုံကိုပြောပါအုံး။
ဖြေ။ ။ကျွန်တော့်သူငယ်ချင်း မှုံပီးကအဓိကပေါ့။ DORON တီးဝိုင်းထဲကပေါ့။ သူက မင်းအခွေလုပ်သင့်တယ် အမြဲတမ်းပြောတယ်။ တိုက်တွန်းနေတယ်။ ဒါနဲ့ပဲ ကျွန်တော်သီချင်းတွေစုတယ်၊ ရေးကြည့်တယ် ပြီးတော့ လုပ်ကြည့်မယ်ဆိုပြီး စတီရီယိုအသေးလေးကနေ စကြည့်တာ နောက်ပိုင်းသေချာစဉ်းစားကြည့်တော့ စကားပုံတစ်ခုရှိတယ်လေ ဒူးလောက်တင်မှ ရင်လောက်ကျတယ် ပေါ့။ အဲဒါကြောင့်စတီရီယို အကြီးကြီးကနေ စမယ်ဆိုပြီး ချစ်စမ်းမောင်ဆီကို သွားတွေ့တယ်။ သူကလည်းအားပေးတယ် မင်းငွေရေးကြေးရေးက အဓိက မဟုတ်ဘူး။ မင်းသီချင်းတွေက ကောင်းတယ်ဆိုပြီးအားပေးတော့ အဲဒီမှာBass Drum ဂီတသမားတွေ ရှာပြီးတော့ တီးဝိုင်းလေး လုပ်ဖြစ်သွားတာပေါ့။
မေး။ ။ DORON BAND ရဲ့ တခြားလှုပ်ရှားမူတွေဘာတွေရှိလဲ။
ဖြေ။ ။ DORON လုပ်ရှားမှုအနေနဲ့ကတော့ အားလုံးက သူငယ်ချင်းတွေဆိုတော့ လုပ်စရာရှိတာ ၀ိုင်းလုပ်တာရှိတယ်။ လက်တလောမှာတော့ တိုင်းရင်းသားအခွေတွေ တီးဖြစ်တာများပါတယ်။
မေး။ ။ဒီအခွေမှာ သီချင်းတွေကို ဘယ်လိုရွေးဖြစ်ပါသလဲ ။အမျိုးအစားတွေပေါ့။
ဖြေ။ ။သီချင်းမှာ တေးရေးဆရာတွေ(၈)ယောက်ပါဝင်တယ်။ အဲဒီထဲမှာ ကျွန်တော့်သီချင်း တစ်ပုဒ်မှမပါဘူး၊ မပါဘူးဆိုတာ ကျွန်တော်ကလောဘကြီးတော့ သီချင်းတွေအများကြီးတောင်းထားတယ်။ ပြီးတော့ ရွေးလိုက်တော့ ကျွန်တော့်သီချင်းတွေမပါတော့ဘူး သူတို့သီချင်းတွေက ကျွန်တော်ရေးတဲ့သီချင်းတွေထက် ပိုကောင်းလို့နေမှာပေါ့။
မေး။ ။ အခု ကိုယ်တိုင် သီချင်းဘယ်နှစ်ပုဒ်လောက် ရေးဖြစ်ထားပြီလဲ။ဘယ်လိုပုံစံအမျိုးစားတွေကို ကြိုက်နှစ်သက်လဲ။။
ဖြေ။ ။ကျွန်တော်ရေးထားတာ (၇)ပုဒ်လောက်တော့ရှိမယ်။ ကျွန်တော် ROCK ကိုဘာကြောင့်ကြိုက်သလဲဆိုရင် မြန်မာပြည်မှာတင်မကဘူး ကမ္ဘာပေါ် မှာလဲ အောက်ခြေလူတန်းစားက ပိုများတယ်လေ။ ကျွန်တ်ာလည်း အောက်ခြေလူတန်းစားထဲမှာပါတော့ ချစ်တာတောင်မှ အပြင်းစားခံစားပြီး ဆိုပစ်လိုက်မယ်။ ကိုယ်စိတ်နာတဲ့ အကြောင်းအရာတစ်ခု၊ ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူအကြောင်းတွေဆိုရင်လည်း ROCK နဲ့ပဲဖော်ထုတ်လိုက်ချင်တာ။ ဒါကြောင့် ROCK ကိုပဲ ရူးသွပ်တာပါ။
မေ။ ။အကြိုက်ဆုံး ပြည်တွင်းပြည်ပ အဆိုရှင်တွေ BAND တွေအကြောင်း ပြောပေးပါ။
ဖြေ။ ။ ပြည်ပမှာဆိုရင်တော့ ကြိုက်တာတွေတော့အများကြီးပါပဲ။ ဒါပေမဲ့ တစ်ချို့ BAND တွေက မြန်မာပြည်နဲ့အရမ်းကွာတာတွေရှိတယ်။ မြန်မာပြည်နဲ့ ထိတွေ့မှုမရှိသေးဘူး။ ချပြလိုက်ရင်လည်း နားထောင်ပေး မယ်သူ့ မရှိဘူးဖြစ်နေတယ်။ ဒီမှာလည်း မကြားဖူးကြဘူးလေ။ ပြည်တွင်းမှာတော့ ကိုညီထွဋ်၊ ကိုလေးဖြူ၊ ကိုမျိုးကြီးတို့ကိုကြိုက်ပါတယ်။
မေး။ ။အခု ‘ ‘ လူပဲအတူပဲ” ဆိုတဲ့ Album နာမည်ပေးဖြစ်တဲ့အကြောင်း ပြောပေးပါအုံး။
ဖြေ။ ။ ဒီ Album ပေးဖြစ်တဲ့အရာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိတဲ့အခါကျတော့ အသားရောင်တွေ၊ ဘာသာစကားအမျိုးမျိုး ရှိတယ်။ ကျွန်တော် ရန်ကုန်စရောက်တုန်းကတော့လည်း တိုင်းရင်းသားတွေကြားထဲမှာ ခွဲခြားမှုလေးတွေ နဲနဲတော့ရှိတယ်။ အဲဒါကို စိတ်ထဲမှာ ခံရခက်နေတယ်။ ကျွန်တော် တကယ်ပြန်သိလိုက်ရတဲ့အချိန်မှာ လူတွေ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ဘယ်လိုအသား ရောင်ပဲရှိနေရှိနေ၊လူရဲ့ရပိုင်ခွင့်က ဒါပဲရှိတယ်။ လူတစ်ယောက်မှာ ၂၄ နာရီထက် ရပိုင်ခွင့် ပိုမရှိဘူး ကျွန်တော်တို့အားလုံး ရပိုင်ခွင့်က ဒီထဲမှာပဲရှိတယ်။ ဒါကြောင့် လူဟာအတူပဲဆိုတဲ့ Album ကို ပေးဖြစ် သွားတာပါ။
မေး။ ။ ဒီအခွေထဲမှာပါတဲ့ လူပြောအများဆုံးဖြစ်တဲ့ ကျေနပ်တယ် သီချင်းနဲ့ပတ်သတ်ပြီး ဘာပြောချင်ပါလဲ။
ဖြေ။ ။ဒီသီချင်းက ကြိုက်တော့ကြိုက်တယ်။ ကြိုက်လို့လဲ ဆိုခဲ့တာပေါ့။ ဒီသီချင်းကို Mixing ဆွဲတဲ့အချိန်မှာ မသုံးတော့ဘူးလို့ ဆရာချစ်စမ်းမောင်ကို ပြောတာပေါ့။ ဒီသီချင်းက အရမ်းပေါ့ပ်ဆန်နေတယ် မသုံးချင်ဘူးလို့ပြောတော့ ဆရာချစ်က ခုပ်ပီး မင်း ဒီသီချင်းကို မပယ်နဲ့ ကောင်းတယ်ပေါ့။ အဲဒါနဲ့ ဆရာချစ်စမ်းမောင်ပြောလို့ သုံးဖြစ်သွားတာပေါ့နော်။ ပြီးတော့ ဒီသီချင်းကို လမ်းဘေးဆိုင်တွေမှာလည်း လေးဖြူဆိုတဲ့ ကျေနပ်တယ်သီချင်းဆိုပြီး ရောင်းနေတာတွေ တွေ့နေရတယ်။ ကားပေါ်တွေမှာလည်းဖွင့်တယ်။ ဖုန်းတွေ ထဲမှာလည်း ဖွင့်နေကြတယ်။ ကျွန်တော်က မကြိုက်လို့ ပယ်ထားတယ်ဆိုပေမယ့်လည်း အခုဆိုရင် ပရိသတ်နဲ့ တသားထဲကျတဲ့အတွက် ပီတိတော့ ဖြစ်သွားတာပေါ့နော်။
မေး။ ။ ဒါဆိုရင် ကျေနပ်တယ်ဆိုတဲ့ သီချင်းကို လေးဖြူဆိုတာမဟုတ်ဘဲနဲ့ ခုပ်ပီး သီဆိုတာဆိုပြီး ဖြေရှင်းတာတွေ မလုပ်ဘူးလား။
ဖြေ။ ။ ကျွန်တော်က သီးသန့်ဖြေရှင်းတာတွေ မလုပ်တော့ပါဘူး။ လုပ်နိုင်တဲ့အင်အားလဲ မရှိဘူးပေါ့။ ကျွန်တော့်ကိုလည်း ပရိသတ်တွေက လူသိရှင်ကြား သိတာလဲ မရှိသေးဘူးလေ။ ဒီတော့ လုပ်နိုင်တာက ဒီသီချင်းက ကျွန်တော့်သီချင်းပါဆိုပြီး ပရိသတ်သိအောင် VCD နဲ့လုပ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ပြီးတော့ ဒီသီချင်းကိုလည်း ကျွန်တော့်သူငယ်ချင်း မုန်ပီးက ရေးပေးတာပါ။
မေး။ ။ ဒီအခွေထဲမှာ ကိုယ်တိုင်အားရတဲ့သီချင်းက ဘာသီချင်းဖြစ်မလဲ။
ဖြေ။ ။ ကျွန်တော် အားရတဲ့သီချင်းကတော့ အကုန်လုံး အားရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြားလေးဖြစ်တဲ့ သီချင်းကတော့ နှစ်ခေါက်လောက်ပြန်တီးရတဲ့ သီချင်း 'ဘာကြောင့်လဲ' ဆိုတဲ့သီချင်းပေါ့။ အဲဒီသီချင်းကို အခုထိမရိုးဘူး။ နှစ်ခေါက်လောက် ပြန်နားထောင်ရလဲ ဒီတိုင်းပဲ ဘယ်ချိန်နားထောင်ပေါ့။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ဆိုရင် ခဏခဏအသဲကွဲတယ်လေ။ အသဲကွဲတိုင်းလည်း ဒီသီချင်းကို ပြန်နားထောင်ဖြစ်တယ်။ ဆိုတုန်းကလည်း နှစ်ခါဆိုရတယ် သီချင်းကလည်း ကီးမမြင့်ပါဘူး။ အေးအေးလေးပဲ။ သီချင်းအားလုံးပြီးမှ ကျွန်တော်မကြိုက်လို့ စတီရီယိုကိုပြန်သွားပြီး ပြန်သွင်းရတဲ့သီချင်းဖြစ်တော့ အမှတ်တရပါပဲ။
မေး။ ။ အခု MTV ရိုက်နေတယ်ဆိုတော့ ဘယ်အဆင့်ရောက်ပြီလဲ။
ဖြေ။ ။ ကျွန်တော်ကတော့ ကောင်းကောင်းလေးရိုက်ချင်တော့ နာမည်ကြီးဒါရိုက်တာတွေနဲ့ရိုက်ချင်တာ သူတို့ကလည်းမအားဘူး။ ဒီနှစ်ကုန်လောက်မှ အားမယ်ဆိုတော့ အခုဒါရိုက်တာအသစ်လေးတွေနဲ့ ချိတ်ထားတယ်။ ကိုသုံးပေါင်နဲ့ ဘယ်အပိုင်းရိုက်မယ် Story ပိုင်းကိုတော့ အသစ်တွေနဲ့ရိုက်မယ်။ ၄ပုဒ်၊ ၅ပုဒ်လောက်ကို ကျွန်တော် ဂျပန်မှာလည်းရိုက်ထားတယ်။ အမေရိ ကားမှာလည်း ၃ပုဒ်လောက် ရိုက်ထားတယ်။ အဲဒါတွေနဲ့ပေါင်းပြီးတော့ ချပြဖို့တော့ပြင်ဆင်နေပါတယ်။
မေး။ ။ ဒီအခွေထွက်ပြီးတော့ ပရိသတ်ကြားထဲမှာ ကိုယ့်သီချင်းကိုယ်ပြန်ကြားပြီး ပီတိဖြစ်မိတာရှိပါသလား။
ဖြေ။ ။အရင်ကဆိုရင် ကျွန်တော့်အခွေတွေကို ကားသမားတွေကို လက်ဆောင်ပေးတာရှိတယ်။ အဲဒီမှာ သူတို့ကဖွင့်ပြီးတော့ မင်းဆိုတာ အရမ်းကောင်းတယ်ဆိုပြီး ပြောတယ် တစ်ချို့ကလည်း ကျွန်တော်နဲ့ ဓါတ်ပုံတွဲရိုက်တာတွေ ရှိတယ်။ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်၊ လက်ဖက်ရည်ဆိုင်တွေမှာ ဖွင့်တာတွေရှိတယ် အဲဒီ လိုဆိုရင် ပီတိဖြစ်တာပေါ့။
မေး။ ။ ပရိသတ်ကို နောက်ဆုံးဘာများပြောချင်ပါသလဲ။
ဖြေ။ ။ကျွန်တော့်ကို ကြားဖူးတဲ့သူတွေကော၊ မကြား ဖူးတဲ့သူတွေကော ပြောချင်တာကတော့ ကျွန်တော့်သီချင်းတွေကို အားပေးကြပါ။ ကျွန်တော်ကလည်း ပရိသတ်အတွက် အကောင်းဆုံးသီချင်းတွေကို ဆက်လက် ဖန်တီးပေးသွားမှာပါလို့ပြောချင်ပါတယ်။
အင်တာဗျူးအဟောင်းမှာ သီချင်းလင့်ခ်ထပ်ဖြည့်လို့ တင်ဆက်လိုက်ပါတယ်။ သူ့ရဲ့ MTV ကလည်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ `ကျေနပ်တယ်´ကို လေးဖြူဆိုတယ် ထင်နေသူတချို့အား ဒီပို့စ်ကို ပြလိုက်စေချင်ပါတယ်။
* လူပဲအတူပဲ *
တေးရေး- စော်ဘွား၊ F သားငယ်၊ KNO၊ မုန်ပီး၊ သွန်းပူ၊ KT ပေါင်၊ မားကတ်စ်၊ ZT
Studio- PTL
DORON BAND
Khup Pi- vocal
AKAM- guitars
AVAN- Bass
Mung Pi- Keyboard
Wai Phyo- Drums
Harmony
စံပီး၊ စော်ဘွား၊ စွန်းမုန်၊ A Kam ၊ ခုပ်ပီး
Mixing & Mastering
Chit San Maung
01 - အားလုံးအတွက်
02 - ကျေနပ်တယ်
https://my.pcloud.com/publink/show…
03 - မငိုပါနဲ့
https://my.pcloud.com/publink/show…
04 - ရင်ဆိုင်လိုက်
https://my.pcloud.com/publink/show…
05 - ဘာကြောင့်လဲ
https://my.pcloud.com/publink/show…
06 - အတူပျံသန်းမယ်
https://my.pcloud.com/publink/show…
07 - ဘယ်တော့မှမမေ့ဘူး
https://my.pcloud.com/publink/show…
08 - အိပ်မက်ဆိုး
https://my.pcloud.com/publink/show…
09 - အချစ်ကြောင့်
https://my.pcloud.com/publink/show…
10 - သတိရနေဆဲ
https://my.pcloud.com/publink/show…
11 - ဒီတိုင်းလေးပဲ
https://my.pcloud.com/publink/show…
12 - အိပ်မက်
https://my.pcloud.com/publink/show…
တစ်ခွေလုံး - https://my.pcloud.com/publink/show…
OR
လင့်ခ်နှစ်ခု တစ်ပုဒ်ချင်းတွေလည်းပါတယ်။ အဲ့ဒါမှ အဆင်မပြေလည်း ......





NAUPANG TE GEN TOPA ZEISU TANGTHU KAWL PAU TAWH ZOMI SUBTITLE PART 2


NAUPANG TE GEN TOPA ZEISU TANGTHU KAWL PAU TAWH ZOMI SUBTITLE PART 1