Tonzang sanginnpi

Tonzang Sanginnpi Lungzuanhuai na en kik nuam hiam

Tonzang Sanginnpi C Lim

Tonzang Sanginnpi lui pen C lim a kilam pen a en kik nuam te a ding lungzuan huai peuhmah ei

Tonzang Jubilee Laibupi

Tonzang Jubilee Laibu laimai ( pages ) 150 na sim nop leh

Chin Champion League 2007 ( GFA Vs FGA 2007 )

Video Src: Puipui
သမိုင်းကို လိမ်​လည်​ ​ရေးသားဖြန့်​​ဝေ​နေသည့်​ ချင်း အမျိုးသား ​ဘောလုံး​လောက မှ ရာသက်​ပန်​ ထုတ်​ပယ်​ခံ ​ဘောလုံးအသင်း ......
Chin Champion League 2007
ဆီမီးဖိုင်​နယ်​ ပွဲစဉ်​ တစ်​ခုအဖြစ်​ Gospel For Asia အသင်း နဲ့ Full Gospel Assembly လူငယ်​အသင်းတို့ ပွဲစဉ်​တွင်​ ပွဲချိန်​ ၇၅ မီနစ်​ အထိ ၂- ၂ စီ သ​ရေကျ ​နေ​ပေမယ့်​ GFA ကစားသမား​တွေရဲ့ အားကစားသမား မပီသသည့်​ ကြမ်းတမ်းစွာ ကစားမှု​ကြောင့်​ ပွဲကို သ​ရေ ပွဲအဖြစ်​ ဒိုင်​ ပွဲရပ်​ အဖြစ်​ရပ်​နား ခဲ့ရပါသည်​။ ထို့အပြင်​ GFA ဆိုးသွမ်း ပရိသတ်​ ​တွေ ၏ မိုက်​ရိုင်းစွာ အား​ပေးမှု လည်း ပါဝင်​ရာ အဆိုပါ ပရိသတ်​ဆိုတာ​တွေကလည်း အမှန်​​တော့ GFA ကျမ်းစာ ​ကျောင်းသား/သူ ​တွေသာဖြစ်​ပါသည်​။
ထို့​နောက်​ လက်​ကျန်​ ၁၅ မီနစ်​ ပွဲ အချိန်​ ​တွေကို ပရိသတ်​ မပါ ပြန်ကစားရန်​ ပွဲ ကျင်းပ​ရေး ​ကော်​မတီ ရဲ့ အဆုံးအဖြတ်​ ကို နှစ်​ဖက်​အသင်း မှ သ​ဘောတူညီလက်​ခံခဲ့​​သော်​ငြားလည်း အမှန်​တကယ်​ အချိန်​ပိုင်းပြန်​ကန်​ ပွဲစဉ်​တွင်​ GFA အသင်း မှ သ​ဘောတူညီချက်​ ကို ချိုး​ဖောက်​ပြီး ပရိသတ်​ အပြည့်​ဖြင့်​ ပွဲကျင်းပရာ နဝ​ဒေး ကွင်း သို့ ​ရောက်​ရှိလာခဲ့ကြပြီး အဆိုပါ လက်​ကျန်​ အချိန်​ပိုင်း ပြန်​ကန်​ ပွဲစဉ်​ တွင်​ FGA အသင်းကို ရှုံးနိမ့်​ ခဲ့ကြရာ အားကစားစိတ်​ဓာတ်​ ချို့တဲ့စွာ ရှုံးမဲမဲပြီး GFA မှ ဆိုးသွမ်း ပရိသတ်​ များသာမက ဆိုးသွမ်း ကစားသမား များ မှ FGA လူငယ်​အသင်း ကစားသမားများ အ​ပေါ် ကိုယ်ထိလက်​ရာက်​ ​​ထိုးကြိတ်​ ခဲ့ရုံသာမက ပွဲကျင်းပ​ရေး ​ကော်​မတီ မှ သိက္ခာ​တော်​ရဓမ္မဆရာကြီး များပါ ကိုယ်ထိလက်​ရာက် ​​​ထိုးကြိတ်​ ကန်​​ကြောက်​ခဲ့ကြပါသည်​။
ထိုကိစ္စ နဲ့ ပတ်​သက်​ပြီး သတင်းကြားသိသည့်​ ရန်​ကုန်​ မြို့​နေ ချင်းလူငယ်​ ​မြောက်​များစွာ မှ ​မြောက်​ဒဂုံ ရှိ GFA ​ကျောင်းကို မီးရှုံ့ ဖျက်​ဆီးရန်​အထိ ​​ဒေါသအိုးပေါက်​ကွဲ ခဲ့ကြ​ရာတွင်​ တာဝန်​ရှိသူ ဓမ္မဆရာ များ နဲ့ လူငယ်​ အချင်းချင်း မှ အချိန်​မှီ ထိမ်းသိမ်း တားဆီးနိုင်​ခဲ့ကြပါသည်​။
GFA အသင်းသည်​ လည်း FGA အသင်းကို ပြန်​လည်​ ​တောင်းပန်​ မည်​ဟု ဆို​ပေမယ့်​ ချိန်းဆိုထားသည့်​ ရက်​တွင်​ မသွားကြပါ ။ ဆကိလက်​ပြီး ပွဲ ကျင်းပ​ရေး ​ကော်​မတီ မှ Chin Champion League ပြိုင်​ပွဲဝင်​ အသင်း များ နဲ့ တိုင်​ပင်​ပြီး GFA အသင်း ကို ချင်းအမျိုးသား ​ဘောလုံး​လောက မှ ရာသက်​ပန်​ ထုတ်​ပြန်​ ​ကြောင်း ​ ကြေငြာခဲ့ ကြပါသည်​။
ထပ်​မံ ၍ ဆိုးရွားသည့်​ အဖြစ်​ မှာ GFA အသင်း သည်​ သမိုင်း လိမ်​ ​ရေးသား​ဖြန့်​​ဝေနေပြီး၂၀၀၅ ခုနှစ်​မှ MFF ၏ တတိယတန်း အဆင့်​ အ​ပျော်​တမ်း ​ဘောလုံး ပြိုင်​ပွဲ တွင်​ ယှဉ်​ပြိုင်​လာခဲ့သည့်​ ​တောင်​ဇလပ်​ ​ဘောလုံးအသင်း ယ​နေ့ CUFC ၏ သမိုင်း ကို ခိုးယူ ပြီး မသိနားမလည်​ သည့်​ ပြည်​သူ များ အပြင်​ ချင်း မီဒီယာ များ ထံ တွင်​ ၂၀၀၆ ခုနှစ်​ မှ စတင်​ပြီး တတိယတန်း အ​ပျော်​တန်း ​ဘောလုံးပျြိင်​ပွဲ တွင်​ ဝင်​ပျြိင်​ခဲ့သည်​ ဟု GFA အသင်း မှ သမိုင်းလိမ်​ ​ရေးသား ထုတ်​ပြန်​​နေခြင်း ဖြစ်​သည်​။
ထို့အပြင်​ ချင်းပြည်​နယ်​ ကိုယ်​စားပြု ​ဘောလုံးအသင်း အဖြစ်​ လိမ်​လည်​​ရေးသား ​နေခြင်း ဖြစ်​သည်​။ အမှန်​တကယ်​ တွင်​ ၂၀၁၀ ခုနှစ်​ မှ စတင်​ပြီး ယ​နေ့ အထိ ချင်းပြည်​နယ်​ အစိုးရ မှ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​ MFF သို့ တရားဝင်​ အသိအမှတ်​ပြု တစ်​ခုတည်း ​သော ​ပြည်​နယ်​ ကိုယ်​စားပြု ဘောလုံးအသင်း မှာ Chin United FC သာ ဖြစ်​သည်​။
မှတ်​မှတ်​ရရ အဖြစ်​အဆိုပါ ဖြစ်​ရပ်​မှာ ၂၀၀၇ ​ရွှေဝါ​ရောင်​ ​တော်​လှန်​​ရေးအကြို သြဂုတ်​လ အတွင်း ဖြစ်​ပွားခဲ့ခြင်း ဖြစ်​ပြီး ရန်​ကုန်​ တစ်​မြို့လုံးအနှံ့ လုံခြုံ​ရေး တင်းကျပ်​ လှသလို ဗကသ ​ကျောင်းသားများ ၊ ၈၈ မျိုးဆက်​ များ ၊ တက်​ကြွလှုပ်​ရှားသူ များ ​နဲ့ ပြည်​သူများ ၏ ပျောက်​ကြား ဆန္ဒပြပွဲ များ ​နေရာ အနံ့ ဆင်​နွှဲ ​နေကြသလို စရဖ အက်​စ်​ဘီ ရဲ တို့လို လုံခြုံ​ရေး တပ်​ဖွဲ့ဝင်​များ အပြင်​ စွမ်းအားရှင်​ များမှ လိုက်​လံ နှိမ်​နင်း ဖမ်းဆီး​နေချိန်​ လည်း ဖြစ်​သည်​။
အောက်​ Youtube ဗီဒီယို ပါ ထိုးကျိတ်​ခံ Full Gospel Assembly လူငယ်​ အသင်း​ခေါင်း​ဆောင်​ ကို လျန်​ပူ သည်​ ယ​နေ့ ကန်​ပက်​လက်​ မြို့နယ်​ ပြည်​သူ့​ဆေးရုံအုပ်​ကြီး ​ဒေါက်​တာ လျန်​ပူ @ ဆရာ​ပေါင်​ ဖြစ်​သည်​။

SHARED BY Kim Tuang Fb


Meiphelh nasem te kisin na ( training )

Meiphelh zum te ki gin kholhdan na sia ei