Tonzang sanginnpi

Tonzang Sanginnpi Lungzuanhuai na en kik nuam hiam

Tonzang Sanginnpi C Lim

Tonzang Sanginnpi lui pen C lim a kilam pen a en kik nuam te a ding lungzuan huai peuhmah ei

Tonzang Jubilee Laibupi

Tonzang Jubilee Laibu laimai ( pages ) 150 na sim nop leh

အသက်​နဲ့ရင်းပြီးလမ်းပြခဲ့တဲ့ မိန်းမမြတ်​(ဆရာမတစ်​ဦး)


အသက်​နဲ့ရင်းပြီးလမ်းပြခဲ့တဲ့ မိန်းမမြတ်​(ဆရာမတစ်​ဦး)

ရေး - လျန်တွောင်
အရင်​တစ်​​ခေါက်​က ကျွန်​​တော်​ လိုင်​ဘုန်​​ကျေးရွာကို အလုပ်​ကိစ္စနဲ့ သွားရင်း လမ်းကြုံလို့ ခိုင်​ကမ်းမြို့က ဆရာမဒိမ်းလွန်းမန်​တို့အိမ်​ ၀င်​လည်​ခဲ့တယ်​။ ဆရာမ၏မိခင်​(Nu Man) နှင့်​ ၅ တန်း၊ ၆တန်းအရွယ်​ က​လေး သုံး​လေးဦးကို ​တွေ့ခဲ့တာ​ကြောင့်​"သက်​တူရွယ်​တူ သူငယ်​ချင်း​တွေ လာလည်​ကြတာလား" ဆိုပြီး ကျွန်​​တော်​ ​နောက်​​ပြောင်​လိုက်​တယ်​။

Nu Man က "မဟုတ်​ရပါဘူး​အေ...မင်းညီမ(ဆရာမ)ရဲ့ ​ကျောင်းသား​လေး​တွေပါ။ သူမ တစ်​​ခေါက်​အိမ်​ပြန်​လာတိုင်း သူ့က​လေး​တွေပါ ပါလာတယ်​​လေ။ တစ်​ချို့ကို ​တောင်​​ပေါ်ပြန်​​ခေါ်သွားပြီး တစ်​ချို့ကိုကျ​တော့ ဒီအိမ်​က​နေ ​ကျောင်းတက်​ခိုင်းရမယ်​လို့ ​ဇွတ်​အတင်း ​ပြော​တော့ အ​မေနဲ့အ​မေတို့​တောင်​ ၀မ်းဝရုံ အနိုင်​နိုင်​ပါဆိုမှ ဘာကို​ကျွေးပြီး ဘာနဲ့ ​ကျောင်းတက်​ခိုင်းရမှာတုန်း" လို့​ပြောလိုက်​​တော့ သူမက"အ​မေရယ်​ သူတို့​လေး​တွေက ကျွန်​မတို့ထက်​ ပိုပြီးခက်​ခဲလွန်းကြလို့ပါ၊ ပြီး​တော့ ဒီက​လေး​တွေက စာသိပ်​လိုချင်​ကြတာ ဒီက​နေ ​ကျောင်းတက်​လို့ရှိရင်​ ပိုပြီး ထူးချွန်​ထက်​မြက်​ကြမှာ" လို့သူမက ​ပြောလိုက်​တယ်​။ ဒါ​တွေကို သူမမိခင်​က ကျွန်​​တော့်​ကို ​ပြန်​​ပြောပြတာပါ။

သူတို့ဘ၀ ခက်​ခဲ​နေ​ပေမယ့်​ သူ့သမီး(ဆရာမ)ရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်​ချက်​ကို သ​ဘောကျ​လေးစားမိတာ​ကြောင့်​ ငြင်းဆန်​မ​နေ​တော့ဘဲ ​ကျေနပ်​စွာ လက်​ခံ​ပေးလိုက်​တယ်​လို့ သူမက ဂုတ်​ယူစွာပြန်​​ပြောပြလိုက်​ပါတယ်​။ သူမ​ပြောပြချက်​​တွေအရ ဆရာမဟာ သူတာဝန်​ကျခဲ့တဲ့ တွီးဗျဲလ်​ဇန်​​ရွာကို သွားခါနီးတိုင်း သူမအတွက်​ လိုအပ်​တဲ့ ပစ္စည်းစားနပ်​ရိက္ခာ​တွေ သိပ်​မ၀ယ်​ဘဲ က​လေး​တွေ​ကျွေးဖို့ ချိုချဉ်​၊ မုန့်​များသာမဟုတ်​ဘဲ က​လေး​တွေသုံးဖို့ အသုံးအ​ဆောင်​ပစ္စည်းများကိုသာ ၀ယ်​တတ်​လွန်းလို့ သမီးက ဘာသုံးပြီး ဘာနဲ့ စားမှာလဲ၊ သမီးရဲ့ ရှိသမျှနဲ့ပိုက်​ဆံနဲ့ က​လေး​တွေအတွက်​ချည်းပဲ ၀ယ်​​ပေး​နေတာလို့ ​လိုက်​​ပြောရတဲ့ထိပါ ဟု သူမက ပြန်​​ပြောပြပါတယ်​။

အခု​တော့ က​လေး​တွေကို သိပ်​ချစ်​တဲ့ဆရာမ၊ ခက်​ခဲဆင်းရဲသူ​တွေကို ကြင်​နာတတ်​လွန်းတဲ့ဆရာမ၊ မရှိ ရှိတာဖဲ့​ကျွေးပြီး ကူညီတတ်​တဲ့ ဆရာမ၊ ဖခင်​မရှိ​တော့​ပေမယ့်​ မိခင်​ကို​ဖေးမကူညီကာ ယုံကြည်​စိတ်​ချမှု​ပေးစွမ်းနိုင်​တဲ့ဆရာမ၊ ငယ်​ရွယ်​တဲ့မိန်းက​လေးတန်​မဲ့ မိသားစုအတွက်​ မားမားမတ်​မတ်​ ရပ်​တည်​​နေတဲ့ဆရာမ၊ ဆင်းရဲဒုက္ခမျိုးစုံကြုံရလည်း ကိုယ့်​​ခြေကိုယ့်​လက်​ကိုယ့်​အစွမ်းအစဖြင့်​ ဘ၀ရပ်​တည်​ချင်​​သော ဆရာမ၊ အရွယ်​နဲ့မလိုက်​​အောင်​ မိဘ​ဆွေမျိုး အသိုင်းအ၀ိုင်းကို ချစ်​ခင်​​သော ဆရာမ....ဒီ​လောကကြီးကို စွန့်​ခွာခဲ့ပြီ။
သူ့ရင်​ဘတ်​ကို မှန်​သည့်​ကျည်​ဆံက ​နောက်​​ကျော​ပေါက်​ထွတ်​သွားတယ်​။ နှလုံး၊ အသည်း မွ​ကြေခဲ့ရတယ်​။ သူမ ထားရစ်​ရမယ့်​ က​လေး​တွေ သူမ​ကျွေး​မွေးပြုစု​သော မိသားစုများကို စိတ်​မချနိုင်​​သော​ကြောင့်​ ​နောက်​ဆုံးထွတ်​သက်​ မထွတ်​ရက်​။ စိတ်​အားတင်းခဲ့ရှာတယ်​။ သူမတာဝန်​ကျတဲ့ရွာမှ ကျီခါးမြို့သို့ ပို့​ဆောင်​ပြီး၊ ကျီးခါးမြို့မှတစ်​ဆင့်​ တွန်းဇံ​မြို့သို့ အသွား သူမက ​လောကကြီးကို စွန့်​ခွာသွားခဲ့သည်​။

ယ​နေ့ ဆရာမက ​က​လေး​တွေကို စာမသင်​နိုင်​​တော့ပြီ။ သူမ မိသားစု၊ သူမချစ်​​သော က​လေးများ၊ မိတ်​​ဆွေသူငယ်​ချင်း အားလုံးအတွက်​ ၀မ်းနည်းပူ​ဆွေးရတဲ့ ​နေ့တစ်​​နေ့ဖြစ်​ခဲ့ရတယ်​။ သူမနှလုံးကို ထွင်း​ဖောက်​သွားတဲ့ ကျည်​ဆံက ကျွန်ုပ်​တို့အားလုံးရဲ့ နှလုံးသားကိုပါ ထိမှန်​​လာ​သေး၏။ တကယ့်​ကို ရင်​နင့်​ဖွယ်​။ အ​သွေးအသားတစ်​ခုလုံး ​ကြေမွသွားတဲ့အထိပါ။

ယခုလို ကျွနု​ပ်​တို့နိုင်​ငံမှာ နာကျည်းဝမ်းနည်းဖွယ်​ အဖြစ်​အပျက်​ ဖြစ်​ပျက်​သွားခဲ့တာဟာ တကယ်​​တော့ ပုဂ္ဂိုလ်​​ရေး မဟုတ်​ဘူး။ နိုင်​ငံနှင့်​ လူမျိုး​ ကိစ္စဖြစ်​တယ်​။ တိုင်းတစ်​ပါးသားတစ်​​ယောက်​မှ တို့နိုင်​ငံထဲ ထင်​ရာစိုင်း၍ ၀င်​ထွတ်​သွားလာကာ ကျွန်​​တော်​တို့အိမ်​ရှင်​​တွေကို တိရစ္ဆာန်​ပမာ သတ်​ဖြတ်​သွားခြင်းဟာ တကယ့်​ကို ရင်​နာဖွယ်​ပါ။ ကျွန်​​တော်​တို့နိုင်​ငံ လူမျိုး နှင့်​ နိုင်​ငံ​တော်​အစိုးရကိုပါ ​စော်​ကားသွားတာ ဖြစ်​တယ်​။
စည်းလုံးညီညွတ်​မှုမရှိ​သောနိုင်​ငံနှင့်​ လူမျိုးများဟာ အနှိမ်​ခံရတတ်​တယ်​ဆိုတာ ဆရာမမှ အသက်​​ပေးပြီး သွန်​သင်​ပြသခဲ့ပါပြီ။

ဆရာမချပြလိုက်​တဲ့ ​ကျွန်​​တော်​တို့​ဒေသ ကျွန်​​တော်​တို့နိင်​ငံတွင်​ ပြည်​သူလူထု၏ ​နေ့စဉ်​ဘဝ အသက်​တာ ဘေးကင်းလုံခြုံမှုမရှိဘူးဆိုတာ ကျွန်​​တော်​တို့မသိကျိုးကျွံ မပြုသင့်​​တော့ပြီ။ အစိုးရတာဝန်​ရှိသူများ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​ သက်​ဆိုင်​ရာအားလုံးမှ မိမိတို့ကျရာ အခန်းကဏ္ဍတိုင်းတွင်​ အ​ရေးတယူဝိုင်းဝန်းဖြေရှင်း​နိင်​မှသာလျှင်​ ပြည်​သူလူထုဘဝ စိတ်​​အေးချမ်းသာစွာ ​နေထိုင်​နိုင်​မည်​ဖြစ်​ပါသည်​။

မိမိတို့​ဒေသတွင်​ မည်​သူမဆိုလက်​နက်​အားကိုးဖြင့်​ ယခုကဲ့သို့ လူမဆန်​စွာ ရက်​စက်​ယုတ်​မာခြင်း၊အနိင်​ကျင့်​ဗိုလ်​ကျခြင်း၊ အကြမ်းဖက်​ပစ်​ခတ်​သတ်​ဖြတ်​ခြင်းစသည့်​ မင်းမဲ့စရိုက်​ဆန်​သည့်​ လုပ်​ရပ်​များ အုပ်​စိုးအမြစ်​မသွယ်​မိ​စေရန်​မှာ ကျွန်​​တော်​အားလုံး၏ ရင်းတွင်းဆု​တောင်းချက်​နဲ့ တာဝန်​တစ်​ရပ်​ပင်​တည်း။

ယခုချိန်​ကစပြီး ဆရာမ၏ တာဝန်​ကျရာ ​ဒေသ၏ နယ်​​မြေခံ ဝန်​ကြီးနှင့်​ ပညာ​ရေး ဝန်​ကြီး H.E Pu Pau Lun မှ ဤရာဇဝတ်​မူအတွက်​ တရားမျှတမှုကို ဦး​ဆောင်​​​ဖော်​​ဆောင်းပေးရ​​​တော့မည်​ ဖြစ်​သည်​။ပြည်​သူလူထုတစ်​ရပ်​လုံးမှ ပူး​ပေါင်းပါဝင်​အားဖြည့်​​ပေးရပါမည်​။ နာကျင်​ခြင်း​ကြောင့်​ ကျတဲ့မျက်​ရည်​​​တွေအတွက်​ တရားမျှတမူကိုကြိုးစား​ဖော်​​ဆောင်​ခြင်းဖြင့်​ တုန့်​ပြန်​ဖြည်​ဆည်​သွားကြရ​အောင်​။ ​နောင်​အနာဂတ်​တွင်​ ယခုကဲ့သို့ အဖြစ်​ဆိုးများ ထပ်​မံမကြုံ​တွေ့ရ​စေဖို့ ရည်စူး​ရင်း အတူတကွ လက်​တွဲလုပ်​​ဆောင်​ကြရ​အောင်​။

ကျောင်းဆရာမ လျာဒိမ်လွန်မန်အား မင်းမဲ့စရိုက်ဆန်စွာ သတ်ဖြတ်ခံရခြင်းအပေါ် ပူးတွဲ သဘောထားထုတ်ပြန်ချက်


ကျောင်းဆရာမ လျာဒိမ်လွန်မန်အား မင်းမဲ့စရိုက်ဆန်စွာ သတ်ဖြတ်ခံရခြင်းအပေါ်
 ပူးတွဲ သဘောထားထုတ်ပြန်ချက်
(Burmese Text)

ရက်စွဲ ။ ၁၉ နိုဝင်ဘာ ၂၀၁၉
ချင်းပြည်နယ် တွန်းဇန်မြို့နယ် ဟိုင်ကျင်းကျေးရွာ အုပ်စု တွီးဗျာလ်ဇန်ကျေးရွာ မူလတန်းကျောင်းတွင် တိုင်းပြည် တာဝန်ထမ်းဆောင်နေသည့် ဆရာမ လျာဒိမ်လွန်မန် ကို အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်သား ကသည်း လူမျိုးဘိနော် ဆိုသူ မှ ၁၇ နိုဝင်ဘာ ၂၀၁၉ နေ့ ညနေ ၉း၃၀ နာရီ အချိန်ခန့် တွင် သူမ ၏ နေအိမ် ရှေ့ တွင်ပင် တစ်လုံးပြူး သေနတ်နှစ်ချက် နှင့် ရင်ညွန့် ကို ပစ် သဖြင့် ကျည်ဆန် ဒဏ်ရာ ၈ ချက် ရသည်အထိ ရက်စက်စွာ သတ်ဖြတ်မှု သတင်းကြောင့် ကြားသိရသည့် ပြည်သူလူထုအတွင်း နှမျောတ တဖြစ်လျက် ၀မ်းနည်းခြင်း တုန်လှုပ်ချောက်ခြားခြင်းကြီးစွာ ဖြစ်ခဲ့ရပါသည်။

မဏိပူရ်ကသည်း များရောက်ရှိလာကြသည့် အချိန် မှ စ၍ သမိုင်းတွင် မကြူံဖူးအောင် ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် တိုးပွားလာခြင်း ကြောင့် စိတ်မချမ်းမသာဖြစ်နေရသည့် ဒေသခံ ပြည်သူ များ အကြားတွင်လည်း မလုံခြူံမှု ကို ထပ်မံ တိုးပွားခံစားရလျက် ကိုယ့်အိမ် ကိုယ့်ယာ ဘိုးဘွားပိုင် မြေပေါ် တွင် နေထိုင်ရပါသော်လည်း အကြောက်တရား ကြီးစွာ ဖြစ်ပေါ်ခံစားနေရပါသည်။

ထို့ ကြောင့် ဇိုမီးတို့ ဒေသအတွင်း ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများ နောက်နောင်တွင် ထပ်မံ မဖြစ်ပွားစေရန်

၁။ တွန်းဇန်မြို့နှင့် တမူးမြို့ အပါအ၀င် ကျေးရွာများတွင် တရားဝင်သဖွယ် ရပ်တည်နေထိုင်ကြသည့် အိန္ဒိယ နိုင်ငံသား မဏိပူရ်လက်နက်ကိုင် အဖွဲ့ အစည်းများ ၊ အဖွဲ့ ဝင်များ အရေးတွင် ၂၀၀၈ နိုင်ငံတော် ဖွဲ့  စည်းပုံအခြေခံဥပဒေ နိုင်ငံတော် အခြေခံမူများ အခန်း(၁) အပိုဒ် ၄၂။ (ခ) ပါ ပြဌာန်းချက် (နိုင်ငံတော်အတွင်းမည်သည့်နိုင်ငံခြားတပ်ဖွဲ့  ကိုမျှတပ်ချခွင့်မပြု)အတိုင်း အစိုးရ နှင့်တပ်မတော် မှ တိတိကျကျ လိုက်နာ ကျင့်သုံးရန် နှင့် လက်ခံ နေရာပေး ပတ်သက် နေသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များကို စုံစမ်းဖော်ထုတ် အရေးယူရန်

၂။ မင်းမဲ့တိုင်းပြည်အလား သတ်ဖြတ်ခံရသည့် ဆရာမ လျာ ဒိမ်လွန်မန် ၏ ကျန်ရစ်သူ မိသားစုတို့ အပေါ် နိုင်ငံတော် အစိုးရ ၊ ချင်းပြည်နယ် အစိုးရ နှင့် ပညာရေး ၀န်ကြီးဌာန တို့ မှ လူသားချင်းစာနာထောက်ထားမှုဖြင့် နှစ်သိမ့်အားပေးရန် ၊ ဇိုမီးထုံးစံ နှင့် အညီ ကွယ်လွန်သူ ဆရာမလျာဒိမ်လွန်မန် အတွက် တာဝန်ယူ ဆောင်ရွက်ပေးရန်

၃။ ဆရာမလျာဒိမ်လွန်မန် ကို မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်ခဲ့သည့် တရားခံ ဘိနော် ကို အိန္ဒိယ နှင့် မြန်မာနိုင်ငံ ရှိ သက်ဆိုင်ရာ လုံခြူံရေး အဖွဲ့  အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ဥပဒေ နှင့်အညီ ဖမ်းဆီး အရေးယူပေးရန်

၎။ လူသတ်တရားခံ ဘိနော် ၏ ရှောင်တိမ်းပုန်းခိုသည့် တည်နေရာကို သိရှိသူ မည်သူမဆို သည် သက်ဆိုင်ရာ သို့ အမြန်ဆုံး သတင်းပို့ ပေးကြရန်

၅။ မိသားစု နှင့် ကင်းကွာလျက် ဝေးလံခေါင်ဖျား ကျေးလက်များတွင် တိုင်းပြည် တာဝန် ထမ်းဆောင် နေသည့် ကျောင်း ဆရာ ဆရာမ များ သူနာပြူဆရာမ များ ၏ နေ့ စဉ်ဘ၀ လုံခြူံရေး အာမခံချက် ရှိရန် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် မှ အလေးဂရုပြူ တာဝန်ယူပေးရန်

၆။ ချင်းပြည်နယ် မြောက်ပိုင်း နှင့် ကဘော်ချိုင့်ဝှမ်း ဒေသတွင် တရားဥပဒေစိုးမိုးရေး နှင့် လုံခြူံရေး အတွက် မဏိပူရ် ကသည်း လက်နက်ကိုင်များ အရေး ကို နိုင်ငံတော်အစိုးရ ၊ လွတ်တော် ၊ တပ်မတော် မှ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ ပေးရန်

ဆက်သွယ်ရန်

Pu Pu Thang (0925 353 4987) Secretary, Zomi Youth Association-Tonzang

Mai Thin Yu Mon (0995 5045 830) Executive Council member, Asia Indigenous People Pact

Seigin Kuki (0942 214 2451) President, Kuki Students Democratic Front

Pau Kim Tuang(0940 480 8426) Incharge, Zomi Students and Youth Organization

(English Text)

Joint Statement on the Killing of Ms. Dim Lun Mang
19th November 2019

We, the undersigned Civil Society Organizations strongly condemned the horrific killing of our beloved School Teacher, Ms. Dim Lun Mang on 17th November 2019 at Tuivel Zang Village in Tonzang Township of Chin State.

We sadly learned that Ms. Dim Lun Mang was brutally murdered with multiple gun shots in front of her school children by Mr. Binod, a member of an Insurgent Group from Manipur State in India, stationed and operated illegally in Tonzang Township in Myanmar.

It was known that the Manipuri known as Metei insurgent group has been involved in drug trafficking, smuggling guns illegally, torturing local ethnic Zomi people, confiscating land and properties for decades under gun point.

The local community and the entire Zomi communities throughout the world have been in shock with fear and anger on the inhumane killing of an innocent School Teacher, and with unanswered questions such as what was the motive behind the murder, how to prevent this lawlessness from happening in the future, how an insurgent group from neighboring country could freely operate in Chin State.
Therefore, we urgently demand in solidarity that:

1. The Border Security Affairs must take immediate action against Manipuri insurgent group by removing them from operating inside Myanmar, especially in Northern Chin State and Kalay Kabaw Valley of Sagaing Region to be in compliance with the Article 42(B) of Chapter 1 of the 2008 Myanmar Constitution.

2. The Government of Myanmar, Chin State Government through its Education Ministry to provide with benevolent support to the family of Ms. Dim Lun Mang as well as the community with security and humanitarian support.

3. The India and Myanmar authority and law enforcement would immediately take action on murderer Binod of India for justice of Ms. Dim Lun Mang.

4. The Government of Myanmar to thoroughly scrutinize on the illegal settlement Manipuri from India in Tonzang and Tamu Township in Myanmar. The authorities should stop them doing business and operating illegal trade in Myanmar.

5.The Union Parliament in coordination with the Union Government and Tatmadaw should form an Investigation Commission to stop illegal activities such as drug and gun trading, extra-judicial execution, illegal taxation and take immediate action.

For Media Enquiry
Pu Pu Thang (0925 353 4987) Secretary, Zomi Youth Association-Tonzang
Mai Thin Yu Mon (0995 504 5830) Executive Council member, Asia Indigenous People Pact
Seigin Kuki (0942 214 2451) President, Kuki Students Democratic Front
Pau Kim Tuang(0940 480 8426) Incharge, Zomi Students and Youth Organization
This Statement is Endorsed by:
1. Chin CSO Forum
2. Chin Human Right Organization (CHRO)
3. Chin Youth Network
4. Chinland Natural Resource Watch Group (CNRWG)
5. Falam University Students Organization, Myanmar
6. Global Zomi Alliance (GZA)
7. Kuki Students Democratic Front (KSDF)
8. Kuki Women Human Rights Organization(KWHRO)
9. New Step Women Empowerment Group
10. Phualva Lungtuak Social Organization(PLSO)
11. Tedim CSO Network
12. Tedim Youth Fellowship (TYF)
13. Women Indigenous Network (WIN)
14. Lairawn Zirsang Pawlkom, Kalay
15. Zomi National Council of Myanmar (ZNCM)
16. Zomi Culture Department
17. Zomi Care And Development (Zomi CAD)
18. Zomi Development Institute
19. Zomi Donghu Kipawlna (ZDK)
20. Zomi Literature and Culture Association (Zomi LCA)
21. Zomi Media Council (ZMC)
22. Zomi Social Society (ZOSS)
23. Zomi Youth Association Tonzang (ZYA-Tonzang)
24. Zomi Women Association (ZWA)
25. Zomi Women Organization – Tedim (ZWO-Tedim)
26. Zomi Siamsin Kipawlna(Universities-Myanmar)
27. Zomi Student Fellowship (ZSF-KZBA)
28. Zomi Students and Youth Organization (ZSYO)










NUNTAKNA TAWH LAMHILH " NUMEI MANPHA " SIAMAHNU ( Dimlummang )


Nuntakna tawh lamhilh NUMEI MANPHA Siamahnu

Khat vei Laibung khua ka pai kawmin Khaikam khua sunga Siamah Dim Lum Mangte inn ah ka bang hi. Nu Man ( Siamah nu nu ) na om a, naupang tan 5 tan 6 gual ding thum khawng na om tiltel ahih manin,” khan in gual nei a cih dan a, na lawm na gualte ong hawh ngeingai ahia” ci in ka ciamnuih hi.

Nu Man in hi peuhmah kei ei, I sang siamah nu thusiamna hi ei, khat vei ong ciah leh a sangnaupangte pawlkhat ong tonpih zel in, pawl khatte paipih kik in pawlkhatte ei inn pan sangkah sak ni ong ci ziauzaiu, ei le ei zong nungta zolo dekdek hi ve hang, bang tawh an vak dingin bang tawh sangkah sak ding I hi hiam, ka cihleh nu aw ei sang amau hamsa zaw tham hi. Tua ciang hih naupangte in lai theinuam mahmah ahih manin hih lai pan sang kahleh khuasuak baih zaw ding uh hi, ong ci ziau hi ci in nu Man in ong gen kik hi.

Nuntak hamsa sa mahmah ahih hangin a tanu lunggulhna le khentatna pen thupi sa veve ahih manin a tanu thu gen nial tentan se nawnlo ahihna angtang takin ong gen kik hi. Nu Man in a gen na ah, siamah nu pen a nasepna Tuivial Zang Khua apai ding simin a kisap van le nate bangmah lei mel loin a sangnaupangte ading suaklu, moh cihte banah naupangte ading van le nate bekbek lei den keii ahih manin nang bang ne dinga bang zang nawn ding na hi hiam, na neih zahzah tawh naupangte ading bekbek na lei liang ka ci thei zel hi ci in ong gen kik hi.

Tu in ahihleh sangnaupangte a it mahmah siamahnu, cimawh gentheite lainat in ama nek tang a khen vuavua siamah nu, a pa a om nawnloh hangin a nu a lungmuang sak mahmah siamah nu, numei no khat ahih hangin innkuan sungah pa dinmun a la nu, tagah gentheih teng sin in ama khut le khe tawh nuntakkip ding a lunggulh den nu, ama kum zah tawh kituak loin u le nau khua le tui a phawk mahmah nu…, hih leitung ong nusia ta hi.

A awm pan thau tawh kikap in a nungzang ah pailet hi. A sin a lung teng zan niknek hi. Anusiat ding sangnaupangte, ama tha le ngal a ngak a nu le a sanggamte lung himawh lua mahmah ahih manin a hu tawpna sang nuam mahmah lo hi. Nak leplep hi. Akhua panin Cikha kipua a, Cikha pan in Tonzang kipuak hi. Tonzang pan in a hutawpna sang zo pan hi.


Sang Syamah RIP by Twarzam>>>Hiah Mek In

Tu ni Siamah nu in sangnaupangte lai hilh thei nawnlo, a innkuanpihte banah a kuama ciat ading dahna kahna lianpi hi ta hi. Ama lungtang a pailet thautang in mi khempeuh lungtang ong kha phei lai hi. Na lua mahmah hi. Dikngek ong kha in lungsim pumpi ong zen ngaungau hi.

Hih bangin I gam sungah dahna kahna ong tun kithahna pen a taktak in mimal vai hi lo hi. Gam vai kumpi vai ahi hi. Gamdang mi khat in I gam sungah ut bangin sungtum pusuak in gammite nangawn thusim het loin ui gawh ak gawh bangin ong bawl theih pen khasiat huai hi. I gam ong nopnehna hi. I Kumpi a simmawhna hi. Gammite ong thusim lohna ahi hi.

Ki thutuak loin a om zelzul gam le minamte kinopneh mahmah hi cih thu siamah nu in a nuntakna tawh ong lakkhia hi.

Siamah nu ong theihsak ahi I gam sungah lungmuanna bitna a om lohna thu pen kitheihmawh bawl kei ni. Kumpi thuneite MP te in panmun ong la dinga mipi in nung thuak ding hi hang.

I gam i lei ah thauvui thautang, zum le hiam tawh hih bangin a cikzethuai kithah kivauna ngongtatna thangtatnate a inntek khak hetlohna dingin mimal kimin i thungetna hi sak ni.

Ama gam huam hihna le sang department hihna tawh H.E Pu Pau Lun in a kisam bangin ong makaih loh phamawh ta hi. Dahna khituite nasepna tawh nul ding hi hang. Hih bang dan thusiate ong kibehlap lohna dingin thungen ding hanga, a kisam bangin kalsuan in sem khawm ding hi hang.

Lungsim khempeuh tawh

Liantuang


Shared by>>>Liantuang

Simahnu tawh hun  nunung bawlna video tomno>>>Click Here

" Sang Syamah RIP " by Twarzam


'Sang Syama RIP'

*Thei hen, thei ta uh hen, na cih manin
Siam hen, siam ta uh hen, na cih manin
Pil hen, pil ta uh hen, na cih manin
Inn lum, lo lum khen in pupa gamgi kuan khia cia...

*Pilsinna sangliim nuai-a na gim, na tawlna te
Laikung tunga na deihsakna te
Kawlciang ngatin hong suam lawmlawm
Lungdam hong thukna hibuang ken teh maw...


Nuntakna Tawh Lamhilh Numei Manpha>>>Lian Tuang

*Na nua cianga na lawm le gual te a dingin ngalliam hi cia...
Na nua cianga na sang naupangte a dingin zahtak cing cia...
Na nua cianga na mipihte a dingin etteh tak cia...
Zomite sisan a neuloh lam hong lak khia khin cia...

*Na pumpi a pham khin zong na min si kei in teh...
Zosuante sinlai ah na gimnamtui veng kei in teh
Zosuante tongah na tangthu suutsuut lai nung
Tu-in Siangmang khiangah sambang na zaal ta aw, Syama...

By twarzam


Shared by>>>Twarzam

Lia.Dim Lun Mang tawh Hun Nunung bawlna video tomno>>>Click Here